[Unicode]

Android 10 မှာ File Transfer Feature ဖြစ်တဲ့ Android Beam ကို ဖယ်ရှားလိုက်တဲ့အတွက် ဖုန်း ကုမ္ပဏီတွေက ကိုယ်ပိုင် ဖိုင်မျှဝေတဲ့ နည်းလမ်းတွေကို ဖန်တီးနေကြပါတယ်။ Samsung ကလည်း Galaxy S20 နဲ့ Z Flip ဖုန်းတွေကို ကြေညာမယ့် Unpacked Event မှာ Quick Share ကို ချပြတော့မယ်လို့ ထင်ပါတယ်။

အဲဒီလုပ်ဆောင်ချက်ဟာ AirDrop နဲ့ ဆင်တူပြီး အနီးအနားက ဖုန်းတွေကြားမှာ ဖိုင်တွေ မျှဝေနိုင်ပါတယ်။ ထူးဆန်းတာက Cloud အခြေပြုနည်းလမ်းကို သုံးထားတာပါ။ ဖိုင် ၁ ခုကို Samsung Cloud သို့ Upload လုပ်ရမှာ ဖြစ်ပြီးနောက် Samsung SmartThings Device တွေဆီကို ပေးပို့မှာပါ။ ဒီနည်းလမ်းမှာ ကန့်သတ်ချက်တွေ ရှိပြီး ဖိုင် ၁ ခုရဲ့ အရွယ်အစားဟာ အများဆုံး 1GB ပဲရှိရမှာပါ။ ဒါ့အပြင် ၁ ရက်ကို 2GB ပဲ ပေးပို့နိုင်ပါတယ်။

Samsung ဖုန်း အချင်းချင်း ဖိုင်တွေမျှဝေရင် Cloud ကို သုံးရမလားဆိုတာ မသိသေးပါဘူး။ Cloud ကို သုံးရင်တော့ ဒေတာ ကုန်ကျမှာဖြစ်တဲ့အပြင် အနီးအနားက ဖုန်းတွေကိုပဲ ပေးပို့နိုင်မယ်ဆိုတာ သဘာဝ မကျပါဘူး။

Google က Google Play Services မှာ Nearby Sharing ကို ထည့်သွင်းဖို့ ဖန်တီးနေပြီး Offline အလုပ်လုပ်ပါတယ်။ Play Services ကို မမှီခိုဘဲ ဖိုင်တွေ မျှဝေနိုင်မယ့် ကိုယ်ပိုင် စံနှုန်း ၁ ခုကိုလည်း OPPO , Vivo နဲ့ Xiaomi တို့ ပူးပေါင်း ဖန်တီးနေကြပါတယ်။

Ref : gsmarena

[Zawgyi]

Samsung ရဲ႕ Quick Share က Cloud အေျချပဳ ျဖစ္မည္

Android 10 မွာ File Transfer Feature ျဖစ္တဲ့ Android Beam ကို ဖယ္ရွားလိုက္တဲ့အတြက္ ဖုန္း ကုမၸဏီေတြက ကိုယ္ပိုင္ ဖိုင္မွ်ေဝတဲ့ နည္းလမ္းေတြကို ဖန္တီးေနၾကပါတယ္။ Samsung ကလည္း Galaxy S20 နဲ႔ Z Flip ဖုန္းေတြကို ေၾကညာမယ့္ Unpacked Event မွာ Quick Share ကို ခ်ျပေတာ့မယ္လို႔ ထင္ပါတယ္။

အဲဒီလုပ္ေဆာင္ခ်က္ဟာ AirDrop နဲ႔ ဆင္တူၿပီး အနီးအနားက ဖုန္းေတြၾကားမွာ ဖိုင္ေတြ မွ်ေဝႏိုင္ပါတယ္။ ထူးဆန္းတာက Cloud အေျချပဳနည္းလမ္းကို သုံးထားတာပါ။ ဖိုင္ ၁ ခုကို Samsung Cloud သို႔ Upload လုပ္ရမွာ ျဖစ္ၿပီးေနာက္ Samsung SmartThings Device ေတြဆီကို ေပးပို႔မွာပါ။ ဒီနည္းလမ္းမွာ ကန႔္သတ္ခ်က္ေတြ ရွိၿပီး ဖိုင္ ၁ ခုရဲ႕ အ႐ြယ္အစားဟာ အမ်ားဆုံး 1GB ပဲရွိရမွာပါ။ ဒါ့အျပင္ ၁ ရက္ကို 2GB ပဲ ေပးပို႔ႏိုင္ပါတယ္။

Samsung ဖုန္း အခ်င္းခ်င္း ဖိုင္ေတြမွ်ေဝရင္ Cloud ကို သုံးရမလားဆိုတာ မသိေသးပါဘူး။ Cloud ကို သုံးရင္ေတာ့ ေဒတာ ကုန္က်မွာျဖစ္တဲ့အျပင္ အနီးအနားက ဖုန္းေတြကိုပဲ ေပးပို႔ႏိုင္မယ္ဆိုတာ သဘာဝ မက်ပါဘူး။

Google က Google Play Services မွာ Nearby Sharing ကို ထည့္သြင္းဖို႔ ဖန္တီးေနၿပီး Offline အလုပ္လုပ္ပါတယ္။ Play Services ကို မမွီခိုဘဲ ဖိုင္ေတြ မွ်ေဝႏိုင္မယ့္ ကိုယ္ပိုင္ စံႏႈန္း ၁ ခုကိုလည္း OPPO , Vivo နဲ႔ Xiaomi တို႔ ပူးေပါင္း ဖန္တီးေနၾကပါတယ္။

Ref : gsmarena