Samsung ဟာ လက်ရှိအချိန်မှာ Galaxy S20 Series ဖုန်းတွေနဲ့အတူ Galaxy Buds+ True Wireless Earbuds ကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Galaxy Buds+ ဟာ မနှစ်တုန်းက ထွက်ရှိထားတဲ့ Galaxy Buds ကိုပဲ Design ပြောင်းလဲခြင်းမရှိဘဲ စွမ်းဆောင်ရည်နဲ့ Battery ပိုင်းတိုးမြှင့်ထားတာလို့ ပြောရမှာပါ။

အခုလည်း Samsung ကနေ Galaxy Buds+ Design နဲ့ မတူညီတဲ့ Earbuds အသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ Earbuds Design က ကြည့်လိုက်ရင် ပဲစေ့ပုံစံရှိနေမှာဖြစ်ပြီး Galaxy Buds လိုမျိုး Silicon Eartips လည်းပါဝင်မှာမဟုတ်ပါဘူး။

ယခင်တုန်းကလည်း အဆိုပါ Galaxy Earbuds အသစ်ရဲ့ Design ပုံတွေထွက်လာခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ အဆိုပါ Earbuds အသစ်တွေကို Galaxy BudsX လို့ နာမည်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုသတင်းကို UK နဲ့ Europe Region တွေအတွက် Trademark ရယူမှုမှာ သိရှိခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ Galaxy BudsX Earbuds အသစ်ကိုတော့ လာမယ့် သြဂုတ်လနောက်ပိုင်းမှာ မိတ်ဆက်လာနိုင်ခြေရှိနေပြီးတော့ Apple AirPods Pro လိုမျိုး Active Noise Cancellation Feature ပါ ပါဝင်လာနိုင်ခြေရှိနေပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရှိသေးပေမယ့် Galaxy Buds+ လိုမျိုးပဲ ဒေါ်လာ ၁၅၀ ဝန်းကျင်ရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China