Samsung ဟာ လက်ရှိ PCB နည်းလမ်းကိုအသုံးပြုမဲ့အစား LTPS TFT panels တွေကိုအသုံးပြုခြင်းအားဖြင့် microLED TV တွေကို ပိုပြီးဈေးနှုန်းချိုသာစွာနဲ့ ပြုလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုမျိုးပြုလုပ်ထားတဲ့ LTPS TFT microLED TV တွေကို ဒီနှစ်ကုန်ပိုင်းမှာ ဈေးကွက်ထဲကို ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ အခုအချိန်မှာ သူ့ရဲ့ microLED TV အသစ်တွေကို ၂၀၂၂ ခုနှစ် တတိယသုံးလပတ်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း ခိုင်မာတဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီး SamMobile က ဖော်ပြလာပါတယ်။ ဒီ TV မော်ဒယ်တွေကို 89-inch, 101-inch, 114-inch စတဲ့ အရွယ်အစားသုံးမျိုးနဲ့ ထုတ်လုပ်မယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

LTPS TFT panels ကို ပြောင်းလဲခြင်းဖြင့် Samsung ရဲ့ microLED ဈေးနှုန်းကို လျှော့ချဖို့ကြိုးပမ်းခဲ့ပေမဲ့ သူ့ရဲ့လာမဲ့ TV သုံးမျိုးဟာ ဝမ် သန်း ၁၀၀ ကျော် ($77,164) (သိန်း ၁၄၃၀ နီးပါး)ဖြစ်နေဦးမယ်လို့ The Elec က ဖော်ပြခဲ့ပါတယ်။ LTPS နည်းပညာကို အခြေခံထားတဲ့ Samsung ရဲ့ သေးငယ်တဲ့ 89-inch microLED TV ဟာ တောင်ကိုရီးယားမှာ ဒေါ်လာ ၈ သောင်း ဝန်းကျင်နဲ့ ညီမျှတဲ့တန်ဖိုးနဲ့အတူ ဈေးကွက်ထဲရောက်ရှိမယ်လို့ ဆိုပါတယ်။

ပိုကြီးတဲ့မော်ဒယ်တွေဟာ ဈေးသက်သာမှာမဟုတ်ပါဘူး။ 101-inch နဲ့ 114-inch အမျိုးအစားတွေဟာ ဒေါ်လာ ၉ သောင်း၊ ဒေါ်လာ ၁ သိန်း စတဲ့ ဈေးနှုန်းအသီးသီးနဲ့ ရောင်းချဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ရှိပြီးသား 110-inch ဗားရှင်းကို ဒေါ်လာ ၁ သိန်း ၃ သောင်းဝန်းကျင်နဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် ဈေးပိုသက်သာသွားမယ်လို့ ပြောနိုင်တာတော့ အမှန်ပဲဖြစ်ပါတယ်။

Ref: sammobile