[Unicode]
Samsung က မကြာခင် ကြေညာမယ့် တီဗီ အသစ်မှာ မျက်နှာပြင်ဘေးဘောင် လုံး၀ မပါဘူးလို့ အတည်ပြုလိုက်တဲ့အတွက် ဒီဇိုင်း အလန်းစားကြီး ဖြစ်လာမှာပါ။ Q950TS လို့ နာမည်ပေးထားမှာ ဖြစ်ပြီး 8K QLED တီဗီ ဖြစ်ပါတယ်။ ဒီလထဲ ကျင်းပမယ့် CES 2020 နည်းပညာပြပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။
၉၉ ရာခိုင်နှုန်းကို မျက်နှာပြင်က နေရာယူထားမှာပါ။ မကြာခင်က ကြေညာခဲ့တဲ့ Galaxy S10 နဲ့ Note 10 Series တွေ အပါအဝင် ကုမ္ပဏီရဲ့ Galaxy စမတ်ဖုန်းတွေမှာ ပါတဲ့ Infinity Screen ကို တီဗီအသစ်မှာ သုံးထားမှာပါ။ အထူက ၁၅ မီလီမီတာပဲရှိတဲ့အတွက် အရမ်းကို ပါးလွှာမှာပါ။ အနောက်ဘက်က ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။
တီဗီမှာ Adaptive Picture လုပ်ဆောင်ချက်ပါတဲ့အတွက် အခန်းရဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး Brightness နဲ့ Contrast Ratio ကို အလိုလို ချိန်ညှိနိုင်ပါတယ်။ Active Voice Amplifier (AVA) ပါတဲ့အတွက် တီဗီက အသံထုတ်လွှင့်တဲ့ လမ်းကြောင်းမှာ ကြားခံ အတားအဆီး ၁ ခုခု ဝင်လာတာကို သိနားလည်ပြီး အသံကို အလိုလို တိုးမြှင့်ပေးပါတယ်။
Multi View လုပ်ဆောင်ချက်ကလည်း လန်းပါတယ်။ Split Screen ဒါမှမဟုတ် Picture in Picture ကို သုံးပြီး ရုပ်သံလိုင်း ၂ ခုကို တစ်ပြိုင်နက် ကြည့်ရှုနိုင်ပါတယ်။ တီဗီအတွက် Health App ကို ဖန်တီးပေးလိုက်ပြီး ချပ်ဝတ်တန်ဆာ ကွန်ပြူတာနဲ့ စမတ်ဖုန်းတွေက တွက်ချက်ပေးထားတဲ့ သင့် ကျန်းမာရေး သတင်းအချက်အလက်တွေကို တီဗီမှာ ကြည့်နိုင်ပါတယ်။ ရောင်းမယ့် ဈေးနဲ့ အချိန်ကို မကြာခင် သိရတော့မှာပါ။
Ref : mashable
[Zawgyi]
ေဘာင္လံုး၀ မပါတဲ့ Samsung ရဲ႕ 8K TV
Samsung က မၾကာခင္ ေၾကညာမယ့္ တီဗီ အသစ္မွာ မ်က္ႏွာျပင္ေဘးေဘာင္ လံုး၀ မပါဘူးလို႔ အတည္ျပဳလိုက္တဲ့အတြက္ ဒီဇိုင္း အလန္းစားႀကီး ျဖစ္လာမွာပါ။ Q950TS လို႔ နာမည္ေပးထားမွာ ျဖစ္ၿပီး 8K QLED တီဗီ ျဖစ္ပါတယ္။ ဒီလထဲ က်င္းပမယ့္ CES 2020 နည္းပညာျပပြဲမွာ ေၾကညာမွာ ျဖစ္ပါတယ္။
၉၉ ရာခုိင္ႏႈန္းကို မ်က္ႏွာျပင္က ေနရာယူထားမွာပါ။ မၾကာခင္က ေၾကညာခဲ့တဲ့ Galaxy S10 နဲ႔ Note 10 Series ေတြ အပါအ၀င္ ကုမၸဏီရဲ႕ Galaxy စမတ္ဖုန္းေတြမွာ ပါတဲ့ Infinity Screen ကို တီဗီအသစ္မွာ သံုးထားမွာပါ။ အထူက ၁၅ မီလီမီတာပဲရွိတဲ့အတြက္ အရမ္းကို ပါးလႊာမွာပါ။ အေနာက္ဘက္က ျပားခ်ပ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။
တီဗီမွာ Adaptive Picture လုပ္ေဆာင္ခ်က္ပါတဲ့အတြက္ အခန္းရဲ႕ ပတ္၀န္းက်င္ေပၚမူတည္ၿပီး Brightness နဲ႔ Contrast Ratio ကို အလိုလို ခ်ိန္ညွိႏိုင္ပါတယ္။ Active Voice Amplifier (AVA) ပါတဲ့အတြက္ တီဗီက အသံထုတ္လႊင့္တဲ့ လမ္းေၾကာင္းမွာ ၾကားခံ အတားအဆီး ၁ ခုခု ၀င္လာတာကို သိနားလည္ၿပီး အသံကို အလိုလို တိုးျမွင့္ေပးပါတယ္။
Multi View လုပ္ေဆာင္ခ်က္ကလည္း လန္းပါတယ္။ Split Screen ဒါမွမဟုတ္ Picture in Picture ကို သံုးၿပီး ရုပ္သံလိုင္း ၂ ခုကို တစ္ၿပိဳင္နက္ ၾကည့္ရႈႏုိင္ပါတယ္။ တီဗီအတြက္ Health App ကို ဖန္တီးေပးလိုက္ၿပီး ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာနဲ႔ စမတ္ဖုန္းေတြက တြက္ခ်က္ေပးထားတဲ့ သင့္ က်န္းမာေရး သတင္းအခ်က္အလက္ေတြကို တီဗီမွာ ၾကည့္ႏုိင္ပါတယ္။ ေရာင္းမယ့္ ေစ်းနဲ႔ အခ်ိန္ကို မၾကာခင္ သိရေတာ့မွာပါ။
Ref : mashable