Samsung က Mobile World Congress (MWC) 2025 မှာ ဒီဇိုင်းဆန်းတဲ့ Flexible Briefcase ကို ပြသလိုက်ပါတယ်။ အဲဒါက လက်စွဲအိတ်လို သုံးနိုင်တဲ့ Foldable Laptop နမူနာမော်ဒယ် ဖြစ်ပါတယ်။ လက်စွဲအိတ်ကို ဖွင့်လိုက်ရင် 18.1” QD-OLED Display (QHD+ Resolution 2,000×2664 pixels) ပါတဲ့ Laptop ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Pixel Density က 184 PPI ပဲ ရှိတဲ့အတွက် နည်းတယ်လို့ ပြောနိုင်ပေမယ့် ဒီဇိုင်းဆန်းတဲ့အတွက် တော်တော် မိုက်ပါတယ်။ Laptop ကို ပိတ်လိုက်ရင် လက်ကိုင် ၂ ခု ပါတဲ့ လက်စွဲအိတ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်စွဲအိတ်မှာ ပါဝါနဲ့ အသံခလုတ်တွေလည်း တပ်ဆင်ထားတဲ့အတွက် စတိုင်ကျလှပပါတယ်။
ကြီးမားတဲ့ Screen အရွယ်အစားနဲ့ ခေါက်ချိုးနိုင်တဲ့ နည်းပညာက တော်တော် မိုက်ပါတယ်။ Creator တွေအတွက် ဒီ Laptop က တော်တော် အသုံးဝင်ပါတယ်။
Samsung ရဲ့ Flexible Briefcase ဟာ နမူနာမော်ဒယ် အဆင့်ပဲ ရှိသေးပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Samsung ဟာ အဲဒီ Foldable Laptop ကို တီထွင်နေတာ တော်တော်ကြာပါပြီ။ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ Foldable Laptop ဒီဇိုင်းကို မှတ်ပုံတင်ထားခဲ့ပါတယ်။
Ref : Gizmochina