အခုအချိန်မှာ Samsung ဖုန်းတွေအတော်များများဟာ Android 13 ကို အခြေခံထားတဲ့ OneUI 5.0 Software Update ကို ရရှိထားပြီးဖြစ်ပါတယ်။​ ဒါပေမယ့် Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ နောက်ထပ် Major Update တစ်ခုဖြစ်လာမယ့် OneUI ဗားရှင်းသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

ဒါကတော့ OneUI 5.1 ပဲဖြစ်ပြီး Samsung အနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်သွားမယ့် Galaxy S23 Series ဖုန်းတွေနဲ့အတူ ပွဲထုတ်လာမှာပါ။ ဒါကြောင့် Galaxy S23 Series ဖုန်းတွေဟာ OneUI 5.1 ကို အစောဆုံးအသုံးပြုလာမယ့်ဖုန်းတွေဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော Samsung ဖုန်းတွေကို Update ထုတ်ပေးသွားဖွယ်ရှိပါတယ်။

OneUI 5.1 ဟာ Major Update တစ်ခုဖြစ်လာမှာဖြစ်ပေမယ့် ယခင် OneUI 5.0 တုန်းကလောက် ပြောင်းလဲမှုတွေများပြားမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ Lock Screen Customization တွေ ပိုမိုပြုလုပ်နိုင်မှာဖြစ်သလို Android 13 ရဲ့ Media Player Widget Design အသစ်ကိုလည်း ထည့်သွင်းလာနိုင်ပါတယ်။ ဒါ့အပြင် တခြားသော Feature အသစ်တွေကိုလည်း မြင်တွေ့ရဖွယ်ရှိပါတယ်။

လောလောဆယ်မှာ Samsung ဟာ အဆိုပါ OneUI 5.1 Update ကို Galaxy S22 Series ဖုန်းတွေမှာ စမ်းသပ်နေဆဲဖြစ်ပြီး အသုံးပြုသူတွေအတွက် Beta Version ကို ထုတ်ပေးခြင်းမရှိသေးပါဘူး။ ဒါကြောင့် လာမယ့် ဖေဖော်ဝါရီလကျမှပဲ Galaxy S23 Series ဖုန်းတွေနဲ့အတူ တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena