Samsung ရဲ့ စက္ကူလိုခေါက်လိပ်နိုင်တဲ့ Rollable ဖုန်း သတင်း၂၀၂၁ ခုနှစ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အဲဒီဖုန်း သတင်းများစွာ ထွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ရောင်းမယ်လို့ သိခဲ့ရပါတယ်။

Samsung rollable phone

အခုတော့ TheElec က အဲဒီဖုန်းကို ၂၀၂၅ ခုနှစ်မှာ တကယ် ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ ကြီးမားတဲ့ 12.4” Display ပါလာမယ်လို့ သိရပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းမှာ 10.2” Display ထည့်သွင်းထားပါတယ်။

Rollable ဖုန်းမှာ Under-display Camera နည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Samsung Galaxy Z Fold6 ရဲ့ ဆဲလ်ဖီး ကင်မရာ ၁ လုံးမှာလည်း အဲဒီ နည်းပညာကို အသုံးပြုထားပါတယ်။ Rollable ဖုန်းမှာ ကင်မရာ ဘယ်နှစ်လုံးကို Display အောက်ထဲ ထည့်ထားမလဲဆိုတာ မသိရသေးပါဘူး။

Huawei-Mate-XT-Ultimate-Design-Pre-Order

Samsung ဟာ ၂၀၂၁ ခုနှစ်ကတည်းက ၃ ခေါက်ချိုးဖုန်းကို ဖန်တီးနေပြီး နမူနာမော်ဒယ်ကို ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီဖုန်းကို အခုအချိန်အထိ မရောင်းချသေးပါဘူး။ လက်ရှိမှာတော့ Huawei ဟာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုး ဖုန်း ဖြစ်တဲ့ Mate XT Ultimate ကို ရောင်းချထားပါတယ်။

Ref : gizmochina