Samsung က စမတ်နာရီတွေအတွက် OS အသစ်ကို ကြေညာလိုက်ပါတယ်။ One UI Watch လို့ နာမည်ပေးထားပြီး Google Wear OS ကို အခြေပြုထားတာ ဖြစ်ပါတယ်။ Samsung က နောက်ထွက်မယ့် Galaxy Watch4 မှာ One UI Watch ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Samsung rolls out One UI for the Galaxy Watch, Gear S3, and Gear Sport

One UI Watch ဟာ Wear OS ကို အခြေပြု ဖန်တီးထားတာ ဖြစ်တဲ့အတွက် Tizen OS ထက် Android နဲ့ ပိုမိုနက်နက်ရှိုင်းရှိုင်း ပူးတွဲ အလုပ်လုပ်နိုင်ပါတယ်။ Play Store ကနေ App တစ်ခုကို အင်စတောလုပ်လိုက်ရင် စမတ်နာရီမှာလည်း အင်စတောလုပ်ပေးမှာပါ။ စမတ်နာရီနဲ့ စမတ်ဖုန်း အကြားမှာ Sync လုပ်ပေးမှာ ဖြစ်ပြီး ဥပမာပြောရရင် သင့် စမတ်ဖုန်းမှာ ဖုန်းနံပါတ် တစ်ခုကို Block လုပ်လိုက်ရင် စမတ်နာရီမှာပါ Block လုပ်ပေးမှာ ဖြစ်ပါတယ်။

Samsung's next Galaxy Watch coming this summer has a whole new Google look  - CNET

One UI Watch ဟာ Tizen ထက် App များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပြီး အဲဒီအထဲမှာ နာမည်ကြီးတွေ ဖြစ်တဲ့ Strava , Adidas Running , Calm , Spotify , YouTube Music နဲ့ Google Maps တို့ ပါဝင်ပါတယ်။

Samsung က နောက်မျိုးဆက် Galaxy Watch မှာ ဘက်ထရီ သက်တမ်းပိုကောင်းလာမှာ ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း ပိုမြန်လာမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Google Wear OS ကြောင့် App တွေလည်း ပိုမိုများပြားစွာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

Samsung က Wear OS နဲ့ ကွဲပြားသွားအောင် ဒီဇိုင်နာတွေအတွက် Watch Face Design Tool ကို ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။  One UI Watch ပါမယ်ဆိုတဲ့ Galaxy Watch4 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး ဩဂုတ်လ အစောပိုင်းမှာ ကြေညာမယ်လို့ ထင်ပါတယ်။

Ref : gsmarena