Western Digital က ကမ္ဘာ့ပထမဆုံး 8TB SD Card နဲ့ 16TB External SSD ကို ကြေညာလိုက်ပါတယ်။ 2024 Future of Memory နဲ့ Storage Conference မှာ ကြေညာလိုက်တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Storage Device တွေအတွက် တိုးတက်လာမှုကို ပြသနေပါတယ်။

Sandisk

Western Digital ဟာ Expandable Storage ဈေးကွက်မှာ ဦးဆောင်နေပြီး အခုလည်း စွမ်းရည်မြင့်မားတဲ့  ထုတ်ကုန်အသစ်တွေကို ချပြလိုက်တာ ဖြစ်ပါတယ်။ အသစ်ကြေညာလိုက်တဲ့ ထုတ်ကုန်တွေက SanDisk 8TB SDUC UHS-I SD Card နဲ့ 16TB SanDisk Desk Drive External SSD တို့ ဖြစ်ပါတယ်။

SanDisk Announces World's First 16TB External SSD and 8TB SD Card |  Extremetech

SanDisk 8TB SD Card မှာ Secure Ultra Capacity (SDUC) စံနှုန်း ပါလာပြီး 100MBps Speed ကို ထောက်ပံ့ပေးထားပါတယ်။ Consumer Device တွေအတွက် သင့်တော်ပြီး Western Digital ဟာ SanDisk 4TB MicroSD ကိုလည်း ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ လက်ရှိမှာ အမေဇုန်မှာ ၁၃၉ ဒေါ်လာနဲ့ SanDisk 1TB Extreme PRO SDXC UHS-I ကို ရောင်းချထားပါတယ်။ အခု ထုတ်ကုန် အသစ်တွေရဲ့ ဈေးနှုန်းနဲ့ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ ဈေးက သေးမှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ မော်ဒယ်အသစ်တွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံနဲ့ ဗီဒီယိုသမားတွေအတွက် အလွန် အသုံးဝင်လာမှာပါ။

8TB SD Card ဟာ ကုမ္ပဏီ ကြေညာထားတဲ့အတိုင်း စွမ်းရည်မြင့်မားမယ်ဆိုရင် အထင်ကြီးစရာကောင်းပါတယ်။ User တွေဟာ Speed အပိုင်းမှာ ၈ ဆ ပိုမြန်တဲ့အထိ အသုံးပြုနိုင်မှာ ဖြစ်ပြီး Storage ကလည်း အလွန်များပြားမှာပါ။

Ref : gizmochina