အမျိုးသမီးတိုင်း လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာလာခြင်းက နာကျင်ပင်ပန်းရုံသက်သက်မဟုတ်ဘဲ ကိုယ့်ကျန်းမာရေးအခြေအနေကို ကြိုတင်သတိပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်လာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ အခုတော့ အဲဒီစိတ်ကူးယဉ်အိပ်မက်ဟာ အမှန်တကယ် ဖြစ်လာတော့မှာပါ။

New menstrual pad device tracks period blood for signs of disease | Live  Science

သိပ္ပံပညာရှင်တွေဟာ သွေးစုပ်ရုံသက်သက်မဟုတ်ဘဲ အဲဒီသွေးထဲက ကျန်းမာရေးအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ “အသိဉာဏ်မြင့် ဓမ္မတာခံပစ္စည်း” (Smart Menstrual Pad) တစ်မျိုးကို တီထွင်လိုက်ပါပြီ။ ဒါဟာ ရိုးရိုးလစဉ်သုံးပစ္စည်းတစ်ခု မဟုတ်တော့ဘဲ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးမယ့် ကိုယ်ပိုင်ကျန်းမာရေးကိရိယာငယ်တစ်ခု ဖြစ်လာမှာပါ။

Menstrual pads that turn blood solid could reduce the risk of leaks | New  Scientist

ဒီစမတ်ပစ္စည်းက ရာသီသွေးထဲမှာပါတဲ့ သေးငယ်လွန်းတဲ့ ဇီဝအမှတ်အသား (biomarkers) တွေကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ရောဂါ (endometriosis)၊ ပိုးဝင်ခြင်းနဲ့ ကင်ဆာလိုမျိုး ကြောက်စရာကောင်းတဲ့ရောဂါတွေရဲ့ သဲလွန်စတွေကို ရောဂါလက္ခဏာတွေတောင် မပြခင်မှာ ကြိုတင်သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးတဲ့နေရာတွေက အမျိုးသမီး သန်းပေါင်းများစွာအတွက်တော့ ဒါဟာ တကယ့်ကို မျှော်လင့်ချက်ပါပဲ။ ရောဂါတစ်ခုကို မပြင်းထန်ခင်၊ ကုသရမခက်ခဲခင် အစောဆုံးအဆင့်မှာ သိရှိနိုင်တာဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပါ။

Ref : What is Hot