Temple တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းမှာမွေးမြူထားတဲ့ လူသားရဲ့ ကိုယ်ခံအားဆဲလ်တွေထဲက HIV-1 DNA ကို ဖယ်ရှားပစ်ဖို့ CRISPR/Cas9 မျိုးဗီဇပြုပြင်ပြောင်းလဲရေး နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။
အဲဒီနည်းစနစ်က ရောဂါပိုးကူးစက်ခံထားရတဲ့ T-cell တွေရဲ့ မျိုးဗီဇထဲကနေ ဗိုင်းရပ်စ်ကို ဖြတ်ထုတ်ပေးရုံတင်မကဘဲ၊ ဗိုင်းရပ်စ်ရဲ့ ပွားများနိုင်စွမ်းကို အပြီးတိုင် ပျက်စီးသွားစေတဲ့ မျိုးဗီဇပြောင်းလဲမှုတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ ထူးခြားတာက အဲဒီလို ပြုပြင်ပြောင်းလဲထားတဲ့ ဆဲလ်တွေဟာ HIV ပိုးနဲ့ ပြန်လည်ထိတွေ့တဲ့အခါမှာ ရောဂါပိုးပြန်ဝင်တာကို ခံနိုင်ရည်ရှိနေတာပါပဲ။
လက်ရှိသုံးနေတဲ့ HIV ပိုးသတ်ဆေးတွေက ဗိုင်းရပ်စ်ကို နှိမ်နင်းထားနိုင်ပေမယ့် အမြစ်ပြတ်မရှင်းနိုင်ပါဘူး။ အခုနည်းလမ်းကတော့ ဗိုင်းရပ်စ်ရဲ့ DNA ကို တိုက်ရိုက်ပစ်မှတ်ထားတာဖြစ်ပြီး ရေရှည်မှာ ရောဂါအပြီးပျောက်ကင်းစေမယ့် ကုထုံးတစ်ခုအတွက် လမ်းစကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်တွေကို Scientific Reports ဆိုတဲ့ သိပ္ပံဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Ref : Fossbytes