University of Auckland နဲ့ ဆွီဒင်နိုင်ငံရဲ့ Chalmers University က သိပ္ပံပညာရှင်တွေက ပါးလွှာတဲ့ ကျောရိုးထဲထည့်တဲ့ ပစ္စည်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီပစ္စည်းက ကျောရိုးရဲ့ ထိခိုက်ဒဏ်ရာရနေတဲ့ နေရာတွေကိုဖြတ်ပြီး ညင်သာတဲ့ လျှပ်စစ်အချက်ပြမှုတွေ ပေးပို့ခြင်းအားဖြင့် လေဖြတ်နေတဲ့ ကြွက်တွေကို ပြန်လည်လှုပ်ရှားနိုင်အောင် ကူညီပေးပါတယ်။
အဲဒီပစ္စည်းက အာရုံကြောကြီးထွားမှုကို လမ်းညွှန်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်းရှိတဲ့ လျှပ်စစ်စက်ကွင်းတွေကို ပြန်လည်နိုးကြားစေခြင်းအားဖြင့် အလုပ်လုပ်တာဖြစ်ပြီး ရောင်ရမ်းမှု ဒါမှမဟုတ် ထိခိုက်ပျက်စီးတဲ့ လက္ခဏာတွေလည်း မတွေ့ရပါဘူး။ နေ့စဉ်ကုသမှုကို လေးပတ်ကြာခံယူပြီးနောက်မှာ ကြွက်တွေရဲ့ လှုပ်ရှားနိုင်မှုနဲ့ ထိတွေ့ တုံ့ပြန်နိုင်မှုတွေမှာ သိသာတဲ့တိုးတက်မှုတွေ တွေ့ခဲ့ရပါတယ်။
ကျောရိုးကို တိုက်ရိုက်လှုံ့ဆော်မှုပေးဖို့အတွက် ဒီလောက်ပါးလွှာတဲ့ ပစ္စည်းတစ်ခုကို အသုံးပြုတာက ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကြွက်တွေမှာ အောင်မြင်မှုရခဲ့တာက ကျောရိုးထိခိုက်ဒဏ်ရာရထားတဲ့ လူတွေကို ကူညီပေးနိုင်မယ့် အနာဂတ်ကုသမှုတွေအတွက် မျှော်လင့်ချက် ပေးနေပါတယ်။
သုတေသီတွေက အခုအခါမှာ လူသားတွေအတွက် သင့်တော်တဲ့ ကျောရိုးထဲ ထည့်သွင်းနိုင်တဲ့ မော်ဒယ်ကို ဆက်လက်တီထွင်နေကြပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာတော့ လေဖြတ်နေတဲ့ လူသားတွေဟာ လမ်းပြန်လျှောက်လာနိုင်ကြမှာပါ။
Ref : Technology Innovation