တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ရေ၊ ဓာတုပစ္စည်း ဒါမှမဟုတ် လူနဲ့ သန့်ရှင်းရေးလုပ်စရာမလိုဘဲ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေကို ၉၈% အထိ ဖယ်ရှားပေးနိုင်တဲ့ အလိုအလျောက်သန့်စင်တဲ့ဖန် (self-cleaning glass) တစ်မျိုးကို တီထွင်လိုက်ပါတယ်။

7 Window Cleaning Tips for a Professional Finish - Bond Cleaning in Canberra

ဒီဖန်အသစ်ဟာ အလွန်ပါးလွှာပြီး (၀.၆၂ မီလီမီတာသာထူ)၊ အပြည့်အဝ ဖောက်ထွင်းမြင်နိုင်ကာ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ဘာသာသူ သန့်ရှင်းရေးလုပ်နိုင်စွမ်းရှိပါတယ်။ ဒီနည်းပညာမှာ အပြန်အလှန်သက်ရောက်တဲ့ လျှပ်စစ်စက်ကွင်း (alternating electric fields) ကို အသုံးပြုထားပြီး မျက်နှာပြင်ပေါ်က ဖုန်မှုန့်တွေကို ဖယ်ရှားတာဖြစ်ပါတယ်။

10 Tips That Make Cleaning Glass Surfaces A Breeze [+ Guide]

ဒီနည်းပညာရဲ့ ထူးခြားချက်ကတော့ ဖုန်တွေကို ဖယ်ရှားပေးရုံသာမက လေထဲမှာရှိတဲ့ ဖုန်မှုန့်အသစ်တွေ မျက်နှာပြင်ပေါ် ပြန်မတင်နိုင်အောင် လျှပ်စစ်စက်ကွင်းကနေ ကာကွယ်ပေးထားတာ (“particle shielding effect”) ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ဖုန်မှုန့်တွေ စုပုံလာမှုကို ၉၀% အထိ လျှော့ချပေးနိုင်ပြီး ဖုန်ထူတဲ့ ပတ်ဝန်းကျင်တွေမှာတောင် အမြဲတမ်း အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်သက်သာပြီး ထုတ်လုပ်ရလွယ်ကူတဲ့ ဒီဖန်အမျိုးအစားကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ၊ အထပ်မြင့်အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ၊ ကားတွေနဲ့ ဖန်လုံအိမ်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသုတေသနတွေ့ရှိချက်ကို Advanced Science သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref : mechabytes