ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက Huawei ကနေ P30 Series စမတ်ဖုန်းတွေနဲ့အတူ HUAWEI Eyewear တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Eyewear တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်နေတဲ့ Fashion Brand တစ်ခုဖြစ်တဲ့ GENTLE MONSTER နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း Huawei ကနေ 2nd Generation HUAWEI Eyewear II ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပြီး အခုအချိန်မှာ Render ဓါတ်ပုံတွေပါ ထွက်ပေါ်လာပါပြီ။ ဖြစ်နိုင်ခြေများနေတာကတော့ အဆိုပါ HUAWEI Eyewear အသစ်တွေကို လာမယ့်အောက်တိုဘာလမှာပဲ Mate 40 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

အဆိုပါ HUAWEI Eyewear II တွေကလည်း GENTLE MONSTER နဲ့ပဲ ဆက်လက်ပူးပေါင်းထားတာဖြစ်ပြီး Design ပိုင်းအနေနဲ့ ယခင်တုန်းကထွက်ရှိခဲ့တဲ့ Model တွေထက် ပိုပြီးလှပတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Carrying Case မှာလည်း USB-C Port နဲ့ LED Indicator တွေရဲ့ နေရာကို အနည်းငယ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း Feature ပိုင်းတွေအနေနဲ့ကတော့ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးဘဲ ယခင် Huawei Eyewear တွေလိုမျိုးပဲ ဖုန်းပြောဆိုမှုနဲ့ သီချင်းနားထောင်ဖို့အတွက် Speaker နဲ့ Microphone တွေပါဝင်လာဖို့ သေချာသလောက်ဖြစ်ပါတယ်။ နောက်ထပ်လည်း Huawei P40 Series ဖုန်းတွေမှာပါဝင်ခဲ့တဲ့ Hey, Celia Voice Assistant ကိုပါ ထည့်သွင်းလာနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အသေးစိတ်ကိုတော့ လာမယ့်နှစ်ကုန်ပိုင်းမှာ တရားဝင်မိတ်ဆက်တဲ့အချိန်ကြမှပဲ သိရှိရမှာဖြစ်ပါတယ်။

Ref – Gizmo China