Check Point ရဲ့ လုံခြုံရေး သုတေသန ပညာရှင်တွေဟာ Qualcomm Chip ပါတဲ့ စမတ်ဖုန်းတွေမှာ လုံခြုံရေး အားနည်းချက်ကို တွေ့ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ Qualcomm Chip ပါတဲ့ ဖုန်းတွေဟာ ဖုန်းဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်း ရှိတဲ့အတွက် စိုးရိမ်စရာပါ။ ပညာရှင်တွေက အဲဒီ လုံခြုံရေး အားနည်းချက်ကို “Achilles” လို့ နာမည်ပေးထားပါတယ်။

Check Point ဟာ Qualcomm Chip တွေက Digital Signal Processor မှာ လုံခြုံရေး အားနည်းချက် ဖြစ်စေတဲ့ Code Line ၄၀၀ ကျော်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Qualcomm Chip ပါတဲ့ ဖုန်း သုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် အများစုကို ခိုးယူနိုင်တဲ့ ဟာကွက်ကြီးပါ။

ဟက်ကာတွေဟာ ဖုန်း ပိုင်ရှင်ရဲ့  ဖုန်းပြောတာကို ခိုးနားထောင်တာ၊ ဒေတာတွေ ခိုးတာ၊ Uninstall လုပ်မရအောင် Malicious App တွေ ထည့်တာတွေ ပြုလုပ်နိုင်တဲ့ အပြင် ဖုန်း ၁ ခုလုံးကို Brick ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ Qualcomm က အခုဆိုရင် Driver နဲ့ Low-level Code တွေကို စတင် Update လုပ်နေပြီ ဖြစ်ပြီး မကြာခင်မှာ ဖုန်း ကုမ္ပဏီတွေဆီ ရောက်တော့မှာပါ။ ဖုန်း ကုမ္ပဏီတွေက Software Update ထုတ်ပေးပြီး လုံခြုံရေး ဟာကွက်ကို ဖာထေးနိုင်မှာပါ။

ပညာရှင်တွေက အဲဒီ လုံခြုံရေး ဟာကွက်ကနေ သုံးစွဲသူတွေရဲ့ ဒေတာတွေ မခိုးခံရသေးဘူးလို့ ယုံကြည်ထားကြပါတယ်။ ဘာပဲပြောပြော Google Play Store လို နေရာတွေကနေပဲ App တွေ အင်စတောလုပ်တာ ပိုဘေးကင်းပါတယ်။

Ref : gsmarena