HMD Global က IFA 2020 မှာ စမတ်ဖုန်း အသစ်များစွာကို ချပြဖို့ ပြင်ဆင်နေပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေတော့ မပါဘဲ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် ဖုန်းတွေကို အဓိကထား ကြေညာမှာပါ။ လျှို့ဝှက်နာမည် Wolverine လို့ပေးထားတဲ့ Nokia 2.4 မှာ ၆.၅ လက်မ မျက်နှာပြင်နဲ့ 4,500mAh ဘက်ထရီ ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

MediaTek Helio P22 Chipset မောင်းနှင်ထားမယ်လို့ Geekbench မှာ ဖော်ပြထားပြီး Android 10 နဲ့ 2GB RAM ပါလာမှာပါ။ 16GB Storage ထည့်ထားမှာ ဖြစ်ပြီး 3/32GB Version လည်း ထွက်လာမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ 13MP Main, 2MP Depth ကင်မရာတွေနဲ့အတူ Flash ၁ လုံး ထည့်ထားမှာ ဖြစ်ပြီး Light Purple အရောင် ပါလာမှာပါ။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။

စွမ်းရည်သင့် ဖုန်းတွေထဲမှာ Nokia 6.3 နဲ့ 7.3 လည်း ပါလာမှာ ဖြစ်ပြီး Nokia 7.3 မှာ 5G ပါတဲ့ Snapdragon 700 Series Chipset အသစ် မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 5G မရတဲ့ နိုင်ငံတွေမှာ 4G Version ကို ရောင်းမှာပါ။ 6.3 မှာ Snapdragon 670 or 675 Chipset ထည့်ထားနိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်တွေထက် Chipset နဲ့ ကင်မရာတွေ ပိုကောင်းလာမှာပါ။

နောက်ထပ် ဖုန်း ၁ လုံးက Gamora Plus ဖြစ်ပြီး Geekbench မှာ တွေ့ထားပါတယ်။ Unisoc Chipset မောင်းနှင်ထားပြီး 2GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပေမယ့် TENAA မှာ 3GB RAM/ 32GB Storage ပါမယ်လို့ စာရင်းသွင်းထားပါတယ်။ Gamora Plus နဲ့ Wolverine မှာ Android 10 ထည့်သွင်းထားမှာ ဖြစ်ပြီး Go Edition မဟုတ်ပါဘူး။

Ref : gsmarena