ဘောလုံးကြယ်ပွင့် Cristiano Ronaldo ဟာ YouTube Channel တည်ထောင်ပြီး ၂၃ ရက်အတွင်းမှာ ကမ္ဘာ့ အထင်ကရ အဆိုတော် Taylor Swift ရဲ့ Subscriber အရေအတွက်ကို ကျော်လွန်သွားပါတယ်။

Cristiano Ronaldo's YouTube channel continues to grow at an unbelievable pace

Ronaldo ဟာ အခု ဆိုရင် Subscriber ၆၀.၃ သန်း ရရှိထားပြီ ဖြစ်ပြီး အဲဒီ အရေအတွက်ကို အချိန်တိုအတွင်းရတဲ့ စံချိန်များစွာကို ပိုင်ဆိုင်သွားပါတယ်။ Taylor Swift ကတော့ Subscriber ၅၉.၈ သန်း ရရှိထားပါတယ်။

His account has now has more subscribers than Taylor Swift's

Ronaldo ဟာ ပြီးခဲ့တဲ့လမှာ YouTube Channel ကို စတင် ဖွင့်လှစ်ခဲ့ပြီး YouTube ရဲ့ Subscriber အများဆုံး Channel ၁၀၀ စာရင်းထဲ ပါလာခဲ့ပါတယ်။

Ronaldo ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ကစားသမား ဘဝ ဂိုး ၉၀၀ မြောက် ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ YouTube Channel ဟာ မိနစ် ၉၀ အတွင်း Subscriber ၁ သန်း အမြန်ဆုံးရတဲ့ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ ၂၄ နာရီအတွင်း Subscriber ၁၀ သန်း အမြန်ဆုံးရတဲ့ စံချိန်ကိုလည်း ချိုးထားနိုင်ခဲ့ပါတယ်။ အရင်စံချိန်ကတော့ ၇ ရက်ကြာမှ Subscriber ၁၀ သန်း ရခဲ့တာ ဖြစ်ပါတယ်။

Ronaldo ဟာ YouTube မှာ ဗီဒီယို ၃၇ ခု တင်ထားခဲ့ပြီး View အရေအတွက်ဟာ ၄၄၃ သန်း ကျော်ရှိထားပါတယ်။ ပျမ်းမျှအားဖြင့် ဗီဒီယို ၁ ခုကို View ၁၁.၇ သန်း ရထားပါတယ်။

Ronalod ဟာ အင်စတာဂရမ်မှာလည်း Follower အများဆုံးရထားပြီး Follower ၆၃၈ သန်း ပိုင်ဆိုင်ထားပါတယ်။

Ref : thesun