ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီ Sharp ဟာ AQUOS R5G လို့ အမည်ပေးထားတဲ့ ပထမဆုံး Flagship စမတ်ဖုန်းကို ဂျပန်ပြည်တွင်းမှာပဲ မိတ်ဆက်ခဲ့ပြီး Snapdragon 865 ချစ်ပ်ဆက်အသစ်နဲ့ ထွက်လာခဲ့ပါတယ်။

AQUOS R5G ရဲ့ ရှေ့ဘက် အပေါ်မှာ “U” ပုံသဏ္ဍာန် Notch တစ်ခုပါဝင်ကာ အောက်ဘက်မှာလည်း Home Button / Fingerprint အဖြစ် အသုံးတော်ခံမယ့် ခလုတ်တစ်ခုအတွက် နေရာဖယ်ထားပေးပြန်တာ တွေ့ရပါတယ်။ နောက်ဘက်မှာ ကင်မရာလေးလုံးကို တစ်တွဲတည်း စီထားပါတယ်။

သူ့မှာ 6.5” လက်မအရွယ် QHD+ IGZO Display အသုံးပြုထားကာ Adobe RGB Support ပါဝင်သလို Rich Color လို့ခေါ်တဲ့ Screen ပေါ်က မြင်ကွင်းကိုလိုက်ကာ အလိုအလျှောက် ကာလာလိုက်ချိန်ပေးမယ့် ပုံရိပ်သိမှတ်နည်းပညာ တစ်ခုပါ ပါဝင်ပါတယ်။ Dolby Vision နဲ့ U-NEXT HDR Content တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

အတွင်းမှာ Qualcomm နောက်ဆုံးပေါ် Snapdragon 865 ချစ်ပ်ဆက်ကို 12GB LPDDR5 RAM နဲ့ 256GB US 3.1 Storage တို့ဖြင့် တွဲဖက်ထားပါတယ်။ ဒီဖုန်းဟာ Blue, White ကာလာတွေအပြင် Samsung Galaxy Note 10+ မှာမြင်ခဲ့ရတဲ့ Aura Glow နဲ့ ဆင်တူတဲ့ အရောင်ပြေးရောင်တစ်ခုနဲ့လည်း ထွက်ရှိလာတယ်။

Sharp AQUOS R5G မှာ ခုနကပြောခဲ့သလို နောက်ဘက်ကင်မရာလေးလုံးပါဝင်ပြီး 12.2MP Telephoto + 48MP Super Wide-angle + 12MP အဓိက Lens + ToF Sensor တို့ဖြစ်ပါတယ်။ ရှေ့ဆဲလ်ဖီကင်မရာကတော့ 16.4MP f/2.0 ဖြစ်ကာ AQUOS ကိုယ်ပိုင် Beauty Mode ထည့်သွင်းထားတယ်။

Sharp ကတော့ ဒီဖုန်းဟာ 8K Video တွေကို ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ Telephoto နဲ့ Primary Sensor တွေမှာ OIS (Optical Image Stabilization) ပါဝင်သလို EIS (Electronic Image Stabilization) လည်း ပါဝင်တယ်။ AI Live Story, AI Live Shutter, Focus Playback တို့လို အထူး Feature တွေလည်း ထည့်သွင်းထားတယ်။

Sharp ကတော့ ဒီဖုန်းမှာ Android 10 OS အသုံးပြုလာမှာဖြစ်ပြီး Adobe Photoshop Express တစ်ပါတည်း Pre-install ပါဝင်လာမယ်လို့ ပြောပါတယ်။ အလန်းစား Specs နဲ့ Feature တွေ ပါဝင်နေတဲ့ ဒီဖုန်းဟာ Sharp ရဲ့ လက်နက်ကြီး ဆိုတာ သိသာပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် ဈေးကွက်တွေကိုတော့ မဖော်ပြရသေးပါဘူး။

Ref – Gizmo China