Sharp က စွမ်းရည်သင့် Sensse 8 ကို ကြေညာလိုက်ပြီး ဂျပန်မှာ ယန်း ၆၂,၁၅၀ (ဒေါ်လာ ၄၀၀ ဝန်းကျင်) ကျသင့်ပါတယ်။ Sharp က အသုံးပြုရ လွယ်ကူပြီး ကောင်းမွန်တဲ့ ကင်မရာနဲ့ ဘက်ထရီ သက်တမ်းကို အသားပေး ဖန်တီးထားတယ်လို့ ပြောပါတယ်။ ဘက်ထရီ ပမာဏဟာ 5,000mAh ဖြစ်လာပြီး Sense 7 ရဲ့ 4,570mAh ထက် တိုးတက်လာပါတယ်။

Sharp unveils Sense8 mid-ranger with  Snapdragon 6 Gen 1, 50MP camera with OIS

ပရီမီယမ် အလူမီနမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ 6.1” IGZO OLED 1080x2432p မျက်နှာပြင် တပ်ဆင်ထားပြီး 1-90Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ 1,300 Nits Peak Brightness အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

Snapdragon 6 Gen 1 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါလာသလို microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားပြီး Tele ကင်မရာ မပါပေမယ့် Main ကင်မရာမှာ 2x Zoom ပါပါတယ်။

Sharp unveils Sense8 mid-ranger with  Snapdragon 6 Gen 1, 50MP camera with OIS

နောက်ကင်မရာ ၁ လုံးက 8MP Ultrawide ဖြစ်ပါတယ်။ Fast Charging မပါဘဲ မိနစ် ၁၆၀ အားသွင်းရမယ်လို့ ဖော်ပြထားပါတယ်။ Wireless Charging လည်း မပါပါဘူး။

5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး Dual SIM ဖုန်း ဖြစ်ပါတယ်။ WiFi 5 , Bluetooth 5.1 နဲ့ NFC ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Ref : gsmarena