Boeing က သူ့ရဲ့ ကုမ္ပဏီခွဲ Wisk Aero ဟာ ၂၀၃၀ ခုနှစ်မှာ မောင်းသူမဲ့ တက္ကစီ လေယာဉ်နဲ့ ခရီးသည် ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။ တက္ကစီ လေယာဉ်တွေဟာ မြို့တော်တွေမှာ ကားလမ်းပိတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

Sky drift: Boeing's pilotless air taxi could take passenger flight by 2030

Wisk Aero ရဲ့ CEO Brian Yutko က မောင်းသူမဲ့ တက္ကစီ လေယာဉ်ကို ၂၀၃၀ ခုနှစ်မှာ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေပြီး အမေရိကန် အစိုးရထံကနေ ခွင့်ပြုချက်ရအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ သူက လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို လက်ရှိမှာ စမ်းသပ် ထုတ်လုပ်နေပြီး ဒီနှစ်ကုန်မှာ စမ်းသပ် မောင်းနှင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Boeing's incredible self-driving FLYING taxis with top speed of 110mph & hailed by app set to hit skies by 2030 | The Sun

Wisk Aero ဟာ လက်ရှိမှာ ဆဌမ မျိုးဆက် လေယာဉ်ကို တည်ဆောက်နေပြီး ခရီးသည် ၄ ယောက်နဲ့ ခရီးဆောင်အိတ်တွေကို သယ်ဆောင်နိုင်ပါတယ်။ အဲဒီ Generation 6 မှာ ခရီးသည် ဘေးကင်းစေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်နဲ့ အဆင့်မြင့် မောင်းသူမဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။

တစ်ခါအားအပြည့်သွင်းထားရင် မိုင် ၉၀ (၁၄၄ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ၁ နာရီကို ၁၃၈ မိုင် အမြန်နှုန်းနဲ့ ပေ ၄,၀၀၀ အမြင့်အထိ ပျံသန်းနိုင်ပါတယ်။ eVTOL အမျိုးအစား ဖြစ်ပြီး မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းလုပ်နိုင်ပါတယ်။

Ref : interestingengineering