စက်တင်ဘာလ (၂၈) ရက်နေ့တွင် Huawei Myanmar က ၎င်း၏ အကြီးမားဆုံးသော CSR အစီအစဉ်တစ်ခုဖြစ်သည့် Sky Seeds for The Future 2020 ၏ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။ ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ Sky Seeds for The Future 2020 အစီအစဉ်၌ ပါဝင်ခဲ့ကြသည့် ထူးချွန် ကျောင်းသား၊ ကျောင်းသူ (၃၈) ဦးကို ဂုဏ်ပြုချီးမြောက်ခဲ့ပြီး အဆိုပါ(၃၈) ဦးအနက်မှ အမှတ်အများဆုံး (၁၀) ကိုရွေးချယ်ကာ Huawei Myanmar မှဆုချီးမြှင့်ခဲ့သည်။ ယခုနှစ် Sky Seeds for The Future အစီအစဉ်၏ သင်ကြားရေးသည် အွန်လိုင်းပလက်ဖောင်းပေါ်မှတစ်ဆင့် ပြုလုပ်ခဲ့ရသော်လည်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီ တို့၏ ပံ့ပိုးမှုနှင့်အတူ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းသင်တန်းကို အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် ICT စွမ်းရည်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်၊ နည်းပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ဗဟုသုတများကြွယ်ဝလာစေရန်အတွက် အခွင့်အလမ်းများပေးနိုင်ရန် Huawei Myanmar က နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် Seeds for The Future အစီအစဉ်၏ သင်ကြားရေးကဏ္ဍကို ယခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည်။ Seeds for The Future ၏ ပိတ်ပွဲအခမ်းအနားတွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မျိုးကြွယ် နှင့် Huawei Myanmar ၏ Public Affairs and Communications Department မှ PR Director ဖြစ်သူ Mr. Zhou Kai တို့က အမှာစကားပြောကြားခဲ့သည်။

ဆုပေးပွဲအစီအစဉ်တွင် ငါးရက်တာသင်တန်းကာလမှ ရရှိခဲ့သော အမှတ်များအပေါ်မူတည်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အခြားသောဆုများကို အဆင့်မြင့်ပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်သန်းသန်းဝင်း၊ ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ ဒေါ်မီမီသက်လွင်၊ Huawei Myanmar ၏ Public Affairs and Communications Department မှ PR Director ဖြစ်သူ Mr. Zhou Kai နှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မျိုးကြွယ်တို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး Sky Seeds for the Future ၏ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ပထမဆုရရှိသူ မမေသူကျော် (ဟင်္သာတကွန်ပျူတာတက္ကသိုလ်) က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

သင်ကြားမှုအစီအစဉ်နှင့်ပတ်သက်ပြီး ပါဝင်ကြသည့်ကျောင်းသား၊ ကျောင်းသူများသည် 5G, AI, Huawei HMS Call နှင့် Cloud Computing စသည့် အခြေခံဘာသာရပ် (၄) ခုကို သင်ယူကြရပြီး အဓိကဘာသာရပ် (၃) ခုဖြစ်သည့် 5G, AI, Clouding ဘာသာရပ်များအနက်မှ (၁) ဘာသာကို ရွေးချယ်သင်ယူခဲ့ကြသည်။ သင်ကြားရေးတွင် အပိုထပ်ဆောင်းလေ့လာမှုအနေဖြင့် Cyber Security, Digital Trade, Digital Economy, Strategic Leadership နှင့် အခြားသော ခေါင်းစဉ် (၁၁) ခုကို လေ့လာနိုင်သည်။ ထိုမှသာမက နိုင်ငံတကာတွင် သုံးလေ့သုံးထရှိသည့် အတွေ့အကြုံများကို သိရှိနိုင်ရန်အတွက် အောင်မြင်သော နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းနိုင်သော အစီအစဉ်လည်း ပါဝင်ခဲ့သည်။ သင်ကြားရေး ငါးရက်မြောက်နေ့တွင် Huawei Myanmar ၏ ဝန်ထမ်းများက ကုမ္ပဏီလည်ပတ်ပုံ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် မည်သို့ပံ့ပိုးပေးနေပုံ အစရှိသည်တို့ကို မျှဝေခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် ICT ပညာရှင်လောင်းများမွေးထုတ်ပေးခဲ့သည့်အတွက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မျိုးကြွယ် က Huawei Myanmar အားကျေးဇူးတင်စကားပြောကြားရင်း ၎င်းမှ “Seeds for The Future အစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူတွေကို နည်းပညာရဲ့ အသွင်မတူတဲ့ ရှုထောင့်တွေကနေ အသစ်အသစ်သော ဘာသာရပ်တွေနဲ့ သဘောတရားတွေ၊ အတွေ့အကြုံအသစ်တွေကို သင်ကြားပေးနေတဲ့အတွက် ICT ကဏ္ဍကိုလေ့လာတဲ့နေရာမှာ မှတ်တိုင်တစ်ခုအဖြစ်ယူဆလို့ရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်တွေကို ကိုယ်စားပြုတဲ့တစ်ယောက်ချင်းဆီက အခုလိုဒီ သင်ကြားရေးအစီအစဉ်မှာ ထက်မြက်တဲ့အရည်အသွေးတွေကိုပြသသွားတဲ့အတွက် ပါဝင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ (၃၈) ယောက်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီလိုအကျိူးရှိတဲ့ သင်တန်းတစ်ခုက ရလာတဲ့အရာတွေကို မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍတိုးတက်မှုမှာ ပြန်လည်အသုံးချကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးဆဲဖြစ်နေတဲ့မြန်မာနိုင်ငံတော်ကြီးကို အကျိူးစီးပွားနဲ့ ကောင်းကျိူးချမ်းသာတဲ့နေရာရောက်အောင် လမ်းပြပေးနိုင်မယ့် ICT ကဏ္ဍရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြဖို့လည်း ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Huawei Myanmar ၏ Public Affairs and Communications Department မှ PR Director ဖြစ်သူ Mr. Zhou Kai က” တစ်ပတ်တာသင်တန်းပြီးဆုံးသွားတဲ့အခါမှာတော့ ‘Seeds for the Future 2020’ အစီအစဉ်ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီသင်တန်းကာလမှာ တက်တက်ကြွကြွနဲ့ ကြိုးကြိုးစားစားပါဝင်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း Huawei က ဒီနိုင်ငံတကာလုံးဆိုင်ရာ စီမံကိန်းကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ကြပါတယ်။ Huawei အနေနဲ့ ပညာရေးဟာ လူ့အသိုင်းအဝိုင်းတစ်ခုတိုးတက်ဖို့ အကူအညီပေးတဲ့နေရာမှာ အဓိကသော့ချက်တစ်ခုဖြစ်တဲ့အပြင် လူငယ်တွေရဲ့ စိတ်အားထက်သန်မှုဟာ တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှုကို အရှိန်ဟုန်ပေးတဲ့ အရာတစ်ခုလို့ယူဆထားပါတယ်။ ဒါကြောင့် အနာဂတ်ကိုလည်း ကျွန်တော်တို့အားလုံး အတူတကွ ထုဆစ်ပုံဖော်ရမှာပါ။ အခုသင်ကြားလိုက်တဲ့သင်တန်းက ကျောင်းသား၊ ကျောင်းသူတွေကို နည်းပညာနဲ့ပတ်သက်ပြီး ပိုမိုလေ့လာချင်အောင် လှုံ့ဆော်ပေးနိုင်ပြီး မြန်မာနိုင်ငံရဲ့ ICT နယ်ပယ်အတွက် အရည်အသွေးတွေ မြှင့်တင်ပေးနိုင်ခဲ့မယ်ဆိုရင် Huawei Myanmar အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိမှာပါ။ တစ်နေ့မှာ ဒီကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့ရဲ့အောင်မြင်မှုတွေနဲ့အတူ ကျွန်တော်တို့နဲ့အတူလက်တွဲလုပ်ကိုင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ (သို့) မိတ်ဖက်တွေဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ အိမ်တွေကို အတူတကွ အကောင်အထည် ဖော်ကြရအောင်” ဟုပြောကြားခဲ့သည်။

‘Sky Seeds for The Future 2020’ တွင် ပထမဆုရရှိသွားသည့် မမေသူကျော် (ဟင်္သာတကွန်ပျူတာတက္ကသိုလ်) က” ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ကာလတစ်လျှောက်လုံး အံ့သြမှင်သက်ဖို့ကောင်းပြီး Huawei က ကျွမ်းကျင်ပညာရှင်တွေက 5G, AI, နှင့် Cloud Service တို့နဲ့ပတ်သက်ပြီး တမူထူးခြားတဲ့ သင်ရိုးတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဒီသင်တန်းမှာလည်း အတူတူတက်ရောက်တဲ့ သူငယ်ချင်းတွေ အားလုံးက အရမ်းတော်ကြတော့ ပထမဆုရသွားလိမ့်မယ်လို့တောင် မထင်ခဲ့ပါဘူး။ ကျွန်မအတွက် ခက်ခဲတဲ့ 5G ဘာသာရပ်ကိုတောင် Huawei က ကျွမ်းကျင်ပညာရှင်တွေက နားလည်လွယ်အောင် အသေးစိတ်ရှင်းပြ ပေးခဲ့ပါတယ်။ ကျွန်မတို့လို ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒီလိုမျိုးအခွင့်အလမ်းကို ယူဆောင်လာပေးတဲ့ Huawei Myanmar ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” ဟုဆိုကာ ပျော်ရွှင်စွာ သူမ၏ ခံစားချက်များကို မျှဝေပေးခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးပညာရေး CSR အစီအစဉ်တစ်ခုဖြစ်သည့် ‘Seeds for The Future’ သည် ယခုနှစ်တွင် အနာဂတ်မြန်မာနိုင်ငံ၏ ICT ကဏ္ဍကို ဦးဆောင်မည့် ပညာရှင်လောင်း (၃၈) ဦးကို လေ့ကျင့်ပေးခဲ့ပြီး တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ သင်ကြားခဲ့၊ သိမြင်ခဲ့သည့် အကြောင်းအရာ များအပြင် မည်သို့မည်ပုံဆန်းသစ်နိုင်မည်ဆိုသည့် အချက်အလက်များကို သက်ဆိုင်ရာ တက္ကသိုလ်များ၊ လူမှုအသိုင်းအဝိုင်းများထံသို့ ပြန်လည် မျှဝေပေးနိုင်နေပြီဖြစ်သည်။ ICT ကဏ္ဍအတွက် လူငယ်များအပေါ် ရင်းနှီးမြှပ်နှံခြင်းမှ ICT နယ်ပယ်တွင် မျိုးဆက်သစ်လူငယ်များ ပိုမိုပါဝင်လာကြမည်ဟု Huawei အနေဖြင့် ယုံကြည်ထားသည်။

Source – HUAWEI