[Unicode]

ဆယ်ကျော်သက်တွေကြားမှာ ရေပန်းစားတဲ့ Snapchat ကို တည်ထောင်ထားသူ Evan Spiegel က လူမှုကွန်ရက် နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဂုရု ၁ ယောက်ပါ။ ၈ နှစ်အတွင်းမှာ သူ့ရဲ့ Snapchat ဟာ အထင်ကရ လူမှုကွန်ရက် ပလက်ဖောင်းတွေကို အမှီလိုက်နိုင်ခဲ့ပါတယ်။ အခုတော့ သူက ဗီဒီယို အတိုတွေ မျှဝေတဲ့ TikTok ဟာ ကမ္ဘာ့ တတိယ အကြီးဆုံး လူမှုကွန်ရက် App ဖြစ်တဲ့ Instagram ကို နန်းချနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။

Spiegel က Digital Life Design (DLD) မှာ ပရိသတ် ၁ ယောက်ရဲ့ TikTok အပေါ် အမြင်ကို မေးမြန်းတဲ့အခါမှာ ဒီလို ဖြေကြားခဲ့တာပါ။ သူက “ ကျွန်တော် TikTok ကို ကြိုက်ပါတယ်။ တကယ့် Fan အစစ်ကြီးပါ။ လူမှုကွန်ရက်တွေမှာ သင်ဟာ ဘယ်လို လူမျိုးလဲဆိုတာ ဖော်ပြနိုင်ပါတယ်။ Likes တွေ၊ Comments တွေရပြီး ပျော်စရာ ကောင်းပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

သူက “ User တွေက TikTok မှာ စတေးတပ်စ်တွေ တင်တာထက် အရည်အချင်းတွေကို ပြသကြပါတယ်။ ကကွက် အသစ်တွေကို နာရီပေါင်းများစွာကြာအောင် လေ့လာပြီး ချပြတာ ဒါမှမဟုတ် ဟာသ ဗီဒီယိုတွေ ဖန်တီးတာတွေ ပြုလုပ်ကြပါတယ်။ အဲဒါတွေဟာ လူတွေကို ပျော်ရွှင်စေပါတယ်။ စတေးတပ်စ်တွေထက် အရည်အချင်းကို ချပြတဲ့ Content တွေက စိတ်ဝင်စားစရာ ပိုကောင်းတဲ့အတွက် ဒီအချက်ဟာ Instagram ကို နောက်ကောက်ချနိုင်မှာပါ။ “ လို့ ပြောပါတယ်။

TikTok ဟာ Instagram ကို ကျော်တက်ပြီး ၂၀၁၉ ရဲ့ Download လုပ်မှု အများဆုံး လူမှုကွန်ရက် App စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ TikTok ကို ပုံမှန် သုံးစွဲသူ အရေအတွက်ဟာ လက်ရှိမှာ ၁ ဘီလီယမ်လောက်ရှိပြီး Snapchat ကတော့ သန်း ၂၁၀ ပဲရှိပါတယ်။

Ref : tnw

[Zawgyi]

Snapchat တည္ေထာင္သူက TikTok ဟာ Instagram ကို နန္းခ်ႏိုင္တယ္လို႔ ေျပာ

ဆယ္ေက်ာ္သက္ေတြၾကားမွာ ေရပန္းစားတဲ့ Snapchat ကို တည္ေထာင္ထားသူ Evan Spiegel က လူမႈကြန္ရက္ နယ္ပယ္မွာ ကြၽမ္းက်င္တဲ့ ဂု႐ု ၁ ေယာက္ပါ။ ၈ ႏွစ္အတြင္းမွာ သူ႔ရဲ႕ Snapchat ဟာ အထင္ကရ လူမႈကြန္ရက္ ပလက္ေဖာင္းေတြကို အမွီလိုက္ႏိုင္ခဲ့ပါတယ္။ အခုေတာ့ သူက ဗီဒီယို အတိုေတြ မွ်ေဝတဲ့ TikTok ဟာ ကမာၻ႔ တတိယ အႀကီးဆုံး လူမႈကြန္ရက္ App ျဖစ္တဲ့ Instagram ကို နန္းခ်ႏိုင္တဲ့ စြမ္းရည္ရွိတယ္လို႔ သုံးသပ္လိုက္ပါတယ္။

Spiegel က Digital Life Design (DLD) မွာ ပရိသတ္ ၁ ေယာက္ရဲ႕ TikTok အေပၚ အျမင္ကို ေမးျမန္းတဲ့အခါမွာ ဒီလို ေျဖၾကားခဲ့တာပါ။ သူက “ ကြၽန္ေတာ္ TikTok ကို ႀကိဳက္ပါတယ္။ တကယ့္ Fan အစစ္ႀကီးပါ။ လူမႈကြန္ရက္ေတြမွာ သင္ဟာ ဘယ္လို လူမ်ိဳးလဲဆိုတာ ေဖာ္ျပႏိုင္ပါတယ္။ Likes ေတြ၊ Comments ေတြရၿပီး ေပ်ာ္စရာ ေကာင္းပါတယ္။ “ လို႔ ေျပာခဲ့ပါတယ္။

သူက “ User ေတြက TikTok မွာ စေတးတပ္စ္ေတြ တင္တာထက္ အရည္အခ်င္းေတြကို ျပသၾကပါတယ္။ ကကြက္ အသစ္ေတြကို နာရီေပါင္းမ်ားစြာၾကာေအာင္ ေလ့လာၿပီး ခ်ျပတာ ဒါမွမဟုတ္ ဟာသ ဗီဒီယိုေတြ ဖန္တီးတာေတြ ျပဳလုပ္ၾကပါတယ္။ အဲဒါေတြဟာ လူေတြကို ေပ်ာ္႐ႊင္ေစပါတယ္။ စေတးတပ္စ္ေတြထက္ အရည္အခ်င္းကို ခ်ျပတဲ့ Content ေတြက စိတ္ဝင္စားစရာ ပိုေကာင္းတဲ့အတြက္ ဒီအခ်က္ဟာ Instagram ကို ေနာက္ေကာက္ခ်ႏိုင္မွာပါ။ “ လို႔ ေျပာပါတယ္။

TikTok ဟာ Instagram ကို ေက်ာ္တက္ၿပီး ၂၀၁၉ ရဲ႕ Download လုပ္မႈ အမ်ားဆုံး လူမႈကြန္ရက္ App စာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ TikTok ကို ပုံမွန္ သုံးစြဲသူ အေရအတြက္ဟာ လက္ရွိမွာ ၁ ဘီလီယမ္ေလာက္ရွိၿပီး Snapchat ကေတာ့ သန္း ၂၁၀ ပဲရွိပါတယ္။

Ref : tnw