Qualcomm ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Snapdragon 732G Chipset ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Snapdragon 700 Series Chipset တစ်ခုဖြစ်တဲ့ Snapdragon 750G Chipset ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

ယခုမိတ်ဆက်လိုက်တဲ့ Snapdragon 750G Chipset ဟာ 5G Chipset တစ်ခုဖြစ်ပြီး ယခင်ထွက်ရှိထားဖူးတဲ့ Snapdragon 730G ရဲ့ မျိုးဆက်သစ်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ Snapdragon 765G ထက်တော့ အနည်းငယ်လျော့နည်းနေမယ်လို့ ယူဆရပါတယ်။

Snapdragon 750G မှာ Snapdragon 765G Chipset တွေလိုမျိုးပဲ X52 Modem ကို အသုံးပြုထားပြီး mmWave 5G နဲ့ Sub-6GHz 5G ၂ မျိုးစလုံးကို ထောက်ပံ့နိုင်သလို Download Speed အနေနဲ့ အမြင့်ဆုံး 3.7Gbps အထိရရှိမယ်လို့ သိရပါတယ်။ Qualcomm ကတော့ Snapdragon 750G ဟာ Global 5G Chipset တစ်ခုဖြစ်တဲ့အတွက် Multi-SIM Support လည်းရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ် Snapdragon 750G နဲ့အတူ အသစ်မိတ်ဆက်လိုက်တဲ့ Feature အသစ်ကတော့ AI Noise Suppression Feature ပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ Video Conferencing နဲ့ Video Call တွေ၊ Voice Call တွေမှာ Noise သံတွေကို AI Engine နဲ့ ဖယ်ရှားပေးပြီး  ကိုယ်ရဲ့ အသံကို ပိုမိုကျယ်လာအောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ Snapdragon 750G Chipset ဟာ Snapdragon 730G ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်သလို Adreno 619 GPU ကလည်း ၁၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေဖြစ်တဲ့ 4K HDR 10 Video Recording ၊ 4K HDR Bokeh Effect နဲ့ Full HD+ 120Hz Display တွေကို Support ပေးနိုင်ဦးမှာဖြစ်ပါတယ်။

ယခု Snapdragon 750G Chipset အသုံးပြုထားတဲ့စမတ်ဖုန်းတွေကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ စတင်တွေ့ရမှာဖြစ်ပြီး Xiaomi ကနေ အစောဆုံးမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena