Snoop Dogg ဟာ NFTs (Non Fungible Token) နဲ့ စိမ်းသူ မဟုတ်ပါဘူး။ NFTs နဲ့ ပတ်သက်တဲ့ တွစ်တာ အကောင့် Cozomo de’ Medici ကိုတောင် သီးခြား ဖန်တီးထားပြီး ကယ်လီဖိုးနီးယား ဇာတိဖွား ရက်ပါဟာ စက်တင်ဘာလထဲမှာ NFTs ပေါင်း ၁၀၀၀ ကို ရောင်းချနိုင်ခဲ့ပါတယ်။

အခုတော့ သူက သူ့ရဲ့ Wallet မှာ မလိုလားအပ်တဲ့ JPEGs ဓါတ်ပုံတွေကို Spam အနေနဲ့ ပေးပို့နေတာတွေကို မနှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ သူက Cozomo တွစ်တာ အကောင့်ကနေ “ JPGs ဓါတ်ပုံများစွာကို ပေးပို့နေတာဟာ အနုပညာရှင်ကို စော်ကားနေတာ ဖြစ်ပါတယ်။ “ လို့ ပြောလိုက်ပါတယ်။

Snoop Dogg Announces the Release of His First NFT Collection: "A Journey  with the Dogg"

Snoop Dogg ရဲ့ Ethereum Wallet ကို NFTs အနေနဲ့ ဓါတ်ပုံတွေကို ပေးပို့နေတာ ဖြစ်ပြီး Spam လုပ်တယ်လို့ သူက ပြောပါတယ်။ ဒီလို ဖြစ်ရပ်မျိုးကို နာမည်ကြီး ဘီယာ ကုမ္ပဏီ Budweiser လည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ Budweiser ရဲ့ Ethereum Wallet ထံ မဖွယ်မရာ ဓါတ်ပုံတွေ ပေးပို့ခဲ့တာကို ကြုံခဲ့ရပြီး ကုမ္ပဏီက ဖျက်ပစ်လိုက်ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

Snoop Dogg ဟာ Spamming ပြဿနာအကြောင်း ပြောဆိုပြီးနောက်မှာ CryptoPunks , Bored Ape Yacht Club နဲ့ Rare Pepe တို့လို နာမည်ကြီး Projects တွေက Fake NFTs တွေကို အာရုံစိုက်နေတယ်လို့ သိရပါတယ်။

Ref : decrypt