Justin Bieber နဲ့ Jimmy Fallon တို့လို နာမည်ကျော်ကြားတဲ့ ဆယ်လီတွေနဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းတွေဟာ NFT နယ်ပယ်မှာ ရင်းနှီးမြှပ်နှံလာကြပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၂၀၁၄ ခုနှစ်မှာ ပထမဆုံး NFT ထွက်ပေါ်လာခဲ့ပါတယ်။ NFT ဟာ Blockchain အခြေပြု Token တွေ ဖြစ်ပြီး ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူကို မှတ်ပုံတင်ပေးပါတယ်။

Btok has a new brand ambassador -NFT - TotalKrypto

အခုတော့ လူတွေနဲ့ Blockchain ကမ္ဘာကို ချိတ်ဆက်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်း ၁ ခု ဖြစ်တဲ့ Btok က NFT နယ်ပယ်ထဲ ဝင်ရောက်လာပါတယ်။ NFT တွေဟာ လူတွေကို ဒစ်ဂျစ်တယ် အဖွဲ့အစည်းနဲ့ ဆက်သွယ်ပေးသလိုပဲ Btok User တွေဟာ Blockchain ဝါသနာရှင်တွေ၊ ရင်းနှီးမြှပ်နှံသူတွေကို ဆက်သွယ်နိုင်မှာ ဖြစ်သလို NFT စီမံကိန်း အသစ်တွေရဲ့ သတင်းတွေကို အစောဆုံး သိရှိနိုင်မှာ ဖြစ်ပါတယ်။

Btok ဟာ Blockchain မှာ လူတွေ လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေသလို ဈေးကွက်ထဲက ဈေးအကြီးဆုံး Bored Ape Yacht Club NFT ကို ဝယ်ယူခြင်းဖြင့် NFT နယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။ Btok ဟာ ဝယ်ယူလိုက်တဲ့ Ape #7537 ကို Brand Ambassador အဖြစ် ခန့်အပ်ထားတာ ထူးခြားပြီး လက်ရှိ ပေါက်ဈေးအရ ဒေါ်လာ ၁.၂၄ သန်းနဲ့ ညီမျှတဲ့ 1024 ETH နဲ့ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

Btok လူမှုကွန်ရက် ပလက်ဖောင်း အသုံးပြုသူတွေဟာ ၂ သန်းကနေ ၁၀ သန်းအထိ တိုးတက်လာသလို ဝင်ငွေကလည်း ၁၅ သန်းကနေ သန်း ၅၀ အထိ မြင့်မားလာပါတယ်။ Btok ဟာ ကမ္ဘာမှာ အကြီးမားဆုံး Blockchain လူမှုကွန်ရက် ပလက်ဖောင်း ဖြစ်ဖို့ ရည်မှန်းထားပါတယ်။

Ref : cointelegraph