အရင်က Osom OV1 လို့ သိကြပြီး Essential က အင်ဂျင်နီယာနဲ့ ဒီဇိုင်နာဟောင်းတွေ ဖန်တီးထားတဲ့ ဖုန်းကို အခုတော့ နာမည်ပြောင်းလိုက်ပါတယ်။ Blockchain ကုမ္ပဏီ Solana က Osom နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Saga အမည်ရ ကိုယ်ပိုင် ဖုန်းကို ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၁,၀၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ ကနဦးပေးသွင်းငွေ ဒေါ်လာ ၁၀၀ လိုအပ်ပြီး Solana က Saga ကို ၂၀၂၃ ခုနှစ် ပထမ ၃ လုံးအတွင်း ရောင်းချမှာပါ။

အဲဒီ ဖုန်းမှာ ၆.၆၇ လက်မ 120Hz OLED မျက်နှာပြင်၊ 512GB Storage နဲ့ 12GB RAM ထည့်သွင်းထားပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8 Plus Gen 1 Chip မောင်းနှင်ထားပါတယ်။ 50MP Main နဲ့ 12MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ပုံမှန် ဟာ့ဒ်ဝဲ Specs တွေ အပြင် Saga ဟာ ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ Solana CEO Anatoly Yakovenko က Saga ဟာ Crypto ကို မိုဘိုင်း အခြေပြု ဖြစ်အောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Saga ဟာ Crypto Wallet, Web3 နဲ့ NFT အသုံးပြုသူတွေအတွက် ဖြစ်ပြီး Solana Blockchain ကို မှီခိုထားတဲ့ Decentralized Apps ထောက်ပံ့မှုလို တမူထူးခြားတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ NFT Marketplace Magic Eden , Solana Wallet ဖန်တီးသူ Phantom နဲ့ Cryptocurrency Exchange Orca တို့ဟာ Saga နဲ့ Solana ရဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်တွေကို ကူညီထောက်ပံ့မယ်လို့ သဘောတူညီထားပါတယ်။

Osom က OV1 နဲ့ Saga တို့ဟာ ဖုန်း ၁ လုံးထဲ ဖြစ်သွားပြီလို့ ပြောတဲ့အတွက် Saga ဟာ ကုမ္ပဏီရဲ့ အဓိက ဦးစားပေး ဖုန်း ဖြစ်သွားပါပြီ။ Osom တည်ထောင်သူနဲ့ CEO Jason Keats က “ Solana နဲ့ ပူးပေါင်းပြီး Saga ကို ဖန်တီးရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ နာမည်ကြီး ဟာ့ဒ်ဝဲ ကုမ္ပဏီတွေဟာ Web3 ကို ထောက်ပံ့ဖို့ လိုအပ်နေပါတယ်။ “ လို့ ပြောပါတယ်။

Ref : theverge