Samsung ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 20 Series ဖုန်းတွေကို Software Update အနေနဲ့ ၃ နှစ်အထိကို Support ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အစောပိုင်းကထွက်ရှိခဲ့တဲ့ Galaxy S10 ၊ S 20 နဲ့ Note 10 Series ဖုန်းတွေအနေနဲ့လည်း နောက်ထပ် Software Update ၁ နှစ်ရရှိပြီးတေ့ာ စုစုပေါင်း ၃ နှစ် Software Support ရရှိတော့မယ်လို့ သိရပါတယ်။

Samsung အနေနဲ့ အခုလိုမျိုး Software Update ပိုင်းကို အာရုံစိုက်လာတာက လောလောဆယ်မှာ Flagship ဖုန်းတွေပဲရှိသေးပေမယ့် မကြာခင်မှာတော့ ပြောင်းလဲသွားပါတယ်။ အဆိုပါသတင်းကိုတော့ TizenHelp ကနေ Representative တစ်ဦးကနေ Galaxy A90 ဖုန်းအသုံးပြုသူတစ်ဦးကို Software Update ၃ နှစ်အထိရရှိနိုင်တယ်လို့ ပြောကြားခဲ့တာကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပြောကြားချက်အရတော့ Samsung ဟာ လောလောဆယ်မှာ High End Galaxy A Series ဖုန်းတွေကိုပါ Software Support ကို ၃ နှစ်အထိ တိုးမြှင့်သွားဖို့ စဥ်းစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုမျိုး Galaxy A Series ဖုန်းတွေအနေနဲ့ ၃ နှစ် Software Update ရရှိမယ့်ထဲမှာပါ ပါဝင်မလဲဆိုတာကိုတော့ မသိရှိရသေးပေမယ့် Galaxy A81 နဲ့ A90 ဖုန်းတွေကတော့ ပါဝင်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်အတွင်းမှာ Samsung ကနေ Galaxy A51 လိုမျိုး Mid Range စမတ်ဖုန်းတွေဟာ ရောင်းအားအကောင်းဆုံးနေရာကို ရယူထားနိုင်သလို အခုလိုမျိုး Software Update ကိုပါ ၃ နှစ်အထိရရှိမယ်ဆိုရင် ပိုပြီးရောင်းအားတက်လာနိုင်ပါတယ်။

Ref – Android Authority