[Zawgyi]

Microsoft ဟာ လာမယ့္ ေအာက္တိုဘာ ၂ ရက္ေန႔မွာ Surface themed event ကို က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔တုန္းကလည္း Microsoft ရဲ႕ လက္ရွိ ပရီမီယံ အမ်ိဳးအစားတက္ဘလက္ကို မိတ္ဆက္ခဲ့တာေၾကာင့္ ဒီႏွစ္က်င္းပမယ့္ပြဲမွာ Surface Pro 7 ကို ထုတ္ေဖာ္ျပသမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။

ပြဲက်င္းပဖို႔ တစ္လေက်ာ္လိုေသးေပမယ့္ Windowsarea.de ကတစ္ဆင့္ Surface Pro 7 ရဲ႕ Specs အခ်ိဳ႕ ေပါက္ၾကားလာခဲ့ပါတယ္။ အသစ္ထြက္လာမယ့္ Surface Pro 7 ရဲ႕အျပင္ပိုင္းကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကနဲ႔ အမ်ားႀကီးကြာျခားမႈ ရွိတယ္လို႔ မဆိုႏိုင္ပါဘူး။ ဒါေပမယ့္ ပိုၿပီးပါးသြားတဲ့ ေဘာင္ေတြနဲ႔ ပိုၿပီးပါးသြားတဲ့ ကိုယ္ထည္ျဖစ္လာမယ္လို႔ေတာ့ ေျပာႏိုင္ပါတယ္။

Surface Pro 7 ရဲ႕ သိသာတဲ့အေျပာင္းအလဲေတြကိုေတာ့ အတြင္းပိုင္းမွာပဲ ေတြ႕ႏိုင္မယ္လို႔ ယူဆရပါတယ္။ လက္ရွိထြက္လာတဲ့ သတင္းအရ အမ်ိဳးအစားသစ္ တက္ဘလက္အားလုံးဟာ 4G LTE ခ်ိတ္ဆက္ႏိုင္မယ္လို႔ သိရပါတယ္။ အခ်ိဳ႕ကလည္း Intel Core Processors 10th generation နဲ႔ ထြက္လာမယ္လို႔ ဆိုပါတယ္။ အခ်ိဳ႕အလုံးေတြကေတာ့ 7nm Qualcomm Snapdragon 8cx သုံးထားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Snapdragon X24 modem chip ကေတာ့ ေဒါင္းလုတ္ျမန္ႏႈန္းကို 2Gbps အထိရေအာင္ ေထာက္ပံ့ေပးမယ္လို႔လည္း သိရပါတယ္။

ထပ္ၿပီးသိရတာက DisplayPort ကို USB-C port နဲ႔ အစားထိုးလာမယ္ဆိုတာပါပဲ။ ဒါေပမယ့္ Surface ခ်ိတ္ဆက္မႈကေတာ့ Onboard မွာ က်န္ရွိေနဦးမွာပါ။ Port အသစ္ဟာ Thunderbolt 3 စံကို ေထာက္ပံ့မႈမေပးႏိုင္ဘူးလို႔လည္း သိရပါတယ္။ ဒါ့အျပင္ Microsoft ဟာ TypeCovers သစ္ေတြကိုလည္း အေရာင္သစ္ေတြ ထုတ္သြားဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာတုန္းကတည္းက Microsoft ဟာ TypeCover သစ္ကို ထုတ္လုပ္ေနတဲ့အေၾကာင္း သတင္းထြက္ခဲ့ၿပီးသား ျဖစ္ပါတယ္။ ရလဒ္ကေတာ့ လက္ရွိ TypeCover ထက္ ၂၀% ပိုၿပီးေပါ့ပါးသလို ပိုၿပီးပါးလႊာတဲ့ ကီးဘုတ္အျဖစ္ ျမင္ေတြ႕ရမယ္လို႔ ဆိုပါတယ္။ ကီးဘုတ္အတြက္ Trackpad ကိုလည္း Circuitry မွာ တိုက္႐ိုက္ေပါင္းလိုက္ဖြယ္ ရွိပါတယ္။

Surface Pro 7 ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ ေျပာင္းလဲမႈ မရွိဘူးလို႔ဆိုတာေၾကာင့္ 12.3-inch မ်က္ႏွာျပင္ပဲ ျဖစ္ပါလိမ့္မယ္။ ဘက္ထရီက 45Wh ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ Surface Pro 7 အေနနဲ႔ ဘက္ထရီနဲ႔သုံးရင္ ၉ နာရီၾကာ သုံးႏိုင္ပါလိမ့္မယ္။

Ref: Phone Arena

[Unicode]

Microsoft Surface Pro 7 ရဲ့ Spec အချို့ ပေါက်ကြားလာပြီ

Microsoft ဟာ လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ Surface themed event ကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့တုန်းကလည်း Microsoft ရဲ့ လက်ရှိ ပရီမီယံ အမျိုးအစားတက်ဘလက်ကို မိတ်ဆက်ခဲ့တာကြောင့် ဒီနှစ်ကျင်းပမယ့်ပွဲမှာ Surface Pro 7 ကို ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ထားရပါတယ်။

ပွဲကျင်းပဖို့ တစ်လကျော်လိုသေးပေမယ့် Windowsarea.de ကတစ်ဆင့် Surface Pro 7 ရဲ့ Specs အချို့ ပေါက်ကြားလာခဲ့ပါတယ်။ အသစ်ထွက်လာမယ့် Surface Pro 7 ရဲ့အပြင်ပိုင်းကတော့ ပြီးခဲ့တဲ့နှစ်ကနဲ့ အများကြီးကွာခြားမှု ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ပိုပြီးပါးသွားတဲ့ ဘောင်တွေနဲ့ ပိုပြီးပါးသွားတဲ့ ကိုယ်ထည်ဖြစ်လာမယ်လို့တော့ ပြောနိုင်ပါတယ်။

Surface Pro 7 ရဲ့ သိသာတဲ့အပြောင်းအလဲတွေကိုတော့ အတွင်းပိုင်းမှာပဲ တွေ့နိုင်မယ်လို့ ယူဆရပါတယ်။ လက်ရှိထွက်လာတဲ့ သတင်းအရ အမျိုးအစားသစ် တက်ဘလက်အားလုံးဟာ 4G LTE ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။ အချို့ကလည်း Intel Core Processors 10th generation နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ အချို့အလုံးတွေကတော့ 7nm Qualcomm Snapdragon 8cx သုံးထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Snapdragon X24 modem chip ကတော့ ဒေါင်းလုတ်မြန်နှုန်းကို 2Gbps အထိရအောင် ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။

ထပ်ပြီးသိရတာက DisplayPort ကို USB-C port နဲ့ အစားထိုးလာမယ်ဆိုတာပါပဲ။ ဒါပေမယ့် Surface ချိတ်ဆက်မှုကတော့ Onboard မှာ ကျန်ရှိနေဦးမှာပါ။ Port အသစ်ဟာ Thunderbolt 3 စံကို ထောက်ပံ့မှုမပေးနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် Microsoft ဟာ TypeCovers သစ်တွေကိုလည်း အရောင်သစ်တွေ ထုတ်သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာတုန်းကတည်းက Microsoft ဟာ TypeCover သစ်ကို ထုတ်လုပ်နေတဲ့အကြောင်း သတင်းထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ရလဒ်ကတော့ လက်ရှိ TypeCover ထက် ၂၀% ပိုပြီးပေါ့ပါးသလို ပိုပြီးပါးလွှာတဲ့ ကီးဘုတ်အဖြစ် မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ ကီးဘုတ်အတွက် Trackpad ကိုလည်း Circuitry မှာ တိုက်ရိုက်ပေါင်းလိုက်ဖွယ် ရှိပါတယ်။

Surface Pro 7 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ ပြောင်းလဲမှု မရှိဘူးလို့ဆိုတာကြောင့် 12.3-inch မျက်နှာပြင်ပဲ ြဖစ်ပါလိမ့်မယ်။ ဘက်ထရီက 45Wh ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် Surface Pro 7 အနေနဲ့ ဘက်ထရီနဲ့သုံးရင် ၉ နာရီကြာ သုံးနိုင်ပါလိမ့်မယ်။

Ref: Phone Arena