Sony ဟာ Active Noise Cancellation Headphone တွေ Earbuds တွေထုတ်လုပ်တဲ့နေရာမှာ ဆရာတစ်ဆူလို့တောင်ပြောနိုင်ပါတယ်။ အခုလည်း Sony ကနေ Wireless Earbuds အသစ်ဖြစ်တဲ့ Sony WF-1000XM4 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒီ Sony WF-1000XM4 ဟာ ယခင်တုန်းက WF-1000XM3 နဲ့ယှဥ်ရင် Design ပိုင်းအရရော၊ Feature ပိုင်းမှာရော အများကြီးပိုကောင်းမွန်လာသလို လက်ရှိ Wireless Earbuds တွေထဲမှာ ထူးထူးခြားခြား Hi-Res Bluetooth Codec ဖြစ်တဲ့ LDAC ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံး Wireless Earbuds ကိုဝယ်ဖို့စဥ်းစားနေတယ်ဆိုရင် Sony WF-1000XM4 က ထိပ်ဆုံးကရွေးချယ်စရာဖြစ်လာပါတယ်။

အရောင်အနေနဲ့ကတေ့ာ Black နဲ့ Gray ၂ ရောင်ထုတ်လုပ်ထားပြီး Design ကလည်း ယခင်ထက် သေးငယ်နေမှာဖြစ်ပါတယ်။ Eartips တွေကိုလည်း ပုံမှန် Silicon Eartips တွေကို အသုံးပြုထားတာမဟုတ်ဘဲ Hybrid Memory Foam ပုံစံပြောင်းလဲထားတာဖြစ်ပါတယ်။ ဒါက Active Noise Cancellation ပိုင်းမှာပါ ပိုပြီးကောင်းမွန်လာစေမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ Sony WF-1000XM4 ဟာ ဆက်တိုက်အသုံးပြုမယ်ဆိုရင် ANC နဲ့ ၈ နာရီဆက်တိုက်အသုံးပြုနိုင်ပြီးတော့ ANC ပိတ်ထားမယ်ဆိုရင် ၁၂ နာရီအထိ အသုံးပြုနိုင်မှာပါ။ Charging Case ကနေလည်း နောက်ထပ် ၂ ကြိမ်ပြန်လည်အားသွင်းနိုင်တဲ့အတွက် ANC နဲ့ဆိုရင်တောင် ၂၄ နာရီအထိ နားထောင်နိုင်မှာဖြစ်ပါတယ်။ Charging Case ကို ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း USB-C အပြင် Wireless Charging ကိုပါ Support ပေးလာပြီဖြစ်ပါတယ်။

နောက်ထပ် Feature တွေအနေနဲ့ကတော့ IPX4 Water & Sweat Resistance အပြင် Microphone Quality အတွက် Beamforming နဲ့ Bone Conduction Sensor တွေပါဝင်လာမှာဖြစ်ပါတယ်။ App Support အပြင် Speak to Chat လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပေမယ့် Multi-device Connection ကိုတော့ Support ပြုလုပ်ဦးမှာမဟုတ်ပါဘူး။ စျေးအနေနဲ့ကတော့ $279 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – The Verge