Sony PlayStation Fans တွေ ရင်ခုန်ရမယ့် နေ့ကို ရောက်တော့မှာပါ။ Sony က ဒီလ ၁၆ ရက်နေ့မှာ PlayStation 5 Event ကို ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ မိနစ် ၄၀ ကြာ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး Sony Game Studio နဲ့ Third-party Studio တွေရဲ့ သတင်းတွေကိုလည်း အသိပေးမှာ ဖြစ်ပါတယ်။ Sony က PS5 အတွက် အရမ်း မိုက်တဲ့ ဂိမ်းတွေ လာမယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။

PlayStation 5 Event မှာ ဂိမ်းစက် ရောင်းမယ့် နေ့နဲ့ ဈေးနှုန်းကိုပါ ကြေညာမယ်လို့ ထင်ပါတယ်။ ပြိုင်ဖက် Microsoft က Xbox Series S နဲ့ Xbox Series X ကို နောက် ၁ ပတ်မှာ ဈေးနှုန်းနဲ့တကွ ကြေညာဖို့ အရင်က စီစဉ်ထားခဲ့တာပါ။ Series S ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ သတင်းထွက်နေတဲ့အတွက် ၄ သိန်းလောက်တန်ကြေးရှိမှာပါ။ Sony ဟာ PS5 Pre-orders အတွက် စာရင်းပေးသွင်းတာကို ပြီးခဲ့တဲ့ လက စတင် လက်ခံခဲ့ပေမယ့် Pre-orders စတင် လက်ခံမယ့် နေ့၊ ဈေးနှုန်းနဲ့ ရောင်းချမယ့်နေ့ အတိအကျကို အခုထက်ထိ မပြောသေးပါဘူး။

PS5 ဈေးကို ၁၆ ရက်နေ့မှာ သိရဖို့များပါတယ်။ Microsoft က ဒီလ ၂၂ ရက်နေ့မှာ Xbox Pre-orders တွေကို လက်ခံတော့မှာပါ။ Xbox Series X ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၆ သိန်း ၆ သောင်းလောက် ကျသင့်နိုင်ပါတယ်။ Sony ကတော့ PS5 အတွက် Disc-less Digital Edition နဲ့ ရိုးရိုး PS5 ၂ မျိုး ထုတ်မှာ ဖြစ်တဲ့အတွက် ဈေး ၂ မျိုးထွက်လာမှာပါ။ သိပ်မကြာခင်မှာ ဂိမ်းလောကရဲ့ အဓိက ပြိုင်ဖက်ကြီးတွေဖြစ်တဲ့ Sony PlayStation နဲ့ Microsoft Xbox တို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်ရတော့မှာပါ။

Ref : theverge