OPPO က နောက်ဆုံးထုတ် Reno5 Pro+ 5G မှာ Sony IMX766 ကင်မရာ ဆန်ဆာကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီ ၂ ခု ပူးပေါင်းကာ IMX789 ဆန်ဆာ အသစ်ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပြီး OPPO Find X3 Series မှာ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ တခြား ဖုန်းတွေမှာ ပါလာနိုင်ပါတယ်။

Sony is developing another camera sensor with Oppo, this time for the Find X3 series

Sony နဲ့ OPPO တို့ဟာ ဆန်ဆာတွေ ဖန်တီးရာမှာ ပူးပေါင်းဖို့ သဘောတူညီထားပုံရပါတယ်။ OPPO Find X2 Pro ရဲ့ ပင်မ ကင်မရာဟာ IMX689 ဖြစ်ပြီး အရွယ်အစားက 1/1.43” နဲ ထောင့်ဖြတ်အတိုင်းအတာက ၁၁.၂ မီလီမီတာ ရှိတဲ့အတွက် ဖုန်း ကင်မရာ အနေနဲ့ တော်တော်ကြီးမားပါတယ်။ Quad Bayer Filter ပါတဲ့ 48MP ဖြစ်ပြီး 2.24 µm pixels ၁၂ သန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။

အလင်းရောင် အခြေအနေမျိုးစုံအလိုက် တုန့်ပြန်ပေးနိုင်တဲ့ Dual Native ISO ပါလာပြီး OPPO က ကင်မရာမှာ f/1.7 Aperture နဲ့ 25mm Focal Length ပါတဲ့ Lens ၁ လုံး ထည့်သွင်းထားပါတယ်။ အဲဒီ Specs တွေက အဲဒီအချိန်တုန်းကတော့ တော်တော်လန်းသလို အခုထက်ထိလည်း ခေတ်မှီနေတုန်းပါပဲ။ IMX789 ဟာ IMX689 ရဲ့ မျိုးဆက်သစ် ဖြစ်နိုင်ပါတယ်။ Processing စွမ်းရည်က ပိုကောင်းလာနိုင်သလို Pixel ပမာဏကလည်း ပိုများလာနိုင်ပါတယ်။

မေးစရာရှိတာက အဲဒီ ဆန်ဆာကို OPPO Find X3 Pro မှာပဲ ထည့်သွင်းထားမလား ၊ OPPO Find X3 နဲ့ Find X3 Pro+ မှာပါ ပါလာမလား ဆိုတာပါ။

Ref : gsmarena