Sony ကနေ အခုအချိန်မှာ Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ Xperia 8 Lite ကို ဂျပန်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Xperia 8 Lite စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့တဲ့ Xperia 10 ဖုန်းနဲ့ Body အပြင် Specs အများစုလည်း ဆင်တူနေတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Sony Xperia 8 Lite စမတ်ဖုန်းဟာ 14nm Architecture ကိုပဲ အသုံးပြုထားဆဲဖြစ်တဲ့ Qualcomm Snapdragon 630 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6″ Full HD+ LCD Display ကိုမှ 21:9 Aspect Ratio ရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိ Mid Range ဖုန်းတွေနဲ့ ယှဥ်နိုင်မှာမဟုတ်ပေမယ့် Display အနေနဲ့ကတော့ မဆိုးဘူးလို့ပြောရမှာပါ။

 

Camera Setup အနေနဲ့ကတော့ Xperia 10 နဲ့ဆင်တူတော့မှာမဟုတ်တော့ဘဲ Back Camera ကို 12MP f1.8 Primary Sensor နဲ့ 8MP f2.4 Secondary Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ဒါက Xperia 10 မှာပါဝင်ခဲ့တဲ့ 13MP f2.0 Primary Sensor + 5MP f2.4 Depth Sensor Setup နဲ့ယှဥ်ရင်တော့ ပိုပြီးအဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။

Sony ကတော့ Xperia 8 Lite ဖုန်းမှာပါဝင်တဲ့ 8MP Secondary Sensor ကို ဘယ်အတွက်အသုံးပြုတယ်ဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် 2x Optical Zoom ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မယ်လို့ ဆိုထားတဲ့အတွက် Telephoto Sensor ဖြစ်နိုင်ချေများနေပါတယ်။ Ultrawide Sensor ပါဝင်ခြင်းမရှိတာကလည်း တခြား Mid Range ဖုန်းတွေနဲ့ယှဥ်ရင် အားနည်းနေဦးမှာပါ။

Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့ 2870mAh Battery ပါဝင်မှာပါ။ USB-C Port အပြင် 3.5mm Audio Jack ပါ ထည့်သွင်းထားပေမယ့်လည်း Software အနေနဲ့ကတော့ Android 9 Pie ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 4GB + 64GB Version ကို JPY 29,800 (မြန်မာငွေ ၃ သိန်း ၄ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena