Sony က Europe,  UK,  Middle East, Africa, Asia, Latin America နဲ့ Canada မှာ တိုးမြှင့်လိုက်တဲ့ PlayStation 5 ရဲ့ ဈေးနှုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ Digital Edition နဲ့ Ultra HD Blu-ray Disk Drive ပါတဲ့ မော်ဒယ် ၂ မျိုးစလုံးရဲ့ ဈေးနှုန်းတွေကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Sony က ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ငွေလဲလှယ်ဈေးတွေကြောင့် အခုလို ဈေးနှုန်း တိုးမြှင့်လိုက်တာလို့ ပြောပါတယ်။ ကုမ္ပဏီက နာမည်အကြီးဆုံး ဂိမ်းစက်ရဲ့ Supply အခြေအနေတွေကို တိုးတက်ဖို့ အဓိက ဦးစားပေးတယ်လို့ ပြောပါတယ်။

PlayStation®5 | Play Has No Limits | PlayStation

ဥရောပမှာ Ultra HD Blu-ray Disc Drive ပါတဲ့ မော်ဒယ်ကို ၄၉၉.၉၉ ယူရိုကနေ ၅၄၉.၉၉ ယူရို အထိ၊ Digital Edition ကို ၃၉၉.၉၉ ယူရို ကနေ ၄၄၉.၉၉ ယူရို အထိ ဈေးတက်လိုက်ပါတယ်။

အခုလို ဈေးတက်တာကြောင့် PS5 ရောင်းအားကို မထိခိုက်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Sony ရဲ့ PlayStation 5 ဟာ Microsoft ရဲ့ Xbox ထက် ရောင်းအားကောင်းနေပါတယ်။ Ampere Analysis က Sony ဟာ ၂၀၂၂ ခုနှစ် ဇွန်လအထိ PS5 အလုံးရေ ၂၁ သန်းနဲ့ Microsoft က Xbox အလုံးရေ ၁၃.၈ သန်း ရောင်းချထားနိုင်တယ်လို့ ပြောပါတယ်။

Ref : gsmarena