Sony ကနေ ဒီ ၂၀၂၀ ခုနှစ်ထဲမှာ Sony Xperia L4 ၊ Xperia 10 II ၊ Xperia 1 II နဲ့ Xperia Pro စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ S20A လို့ နာမည်ပေးထားတဲ့ Entry ဖုန်းသစ်ကိုပါ ထပ်ပြီးမိတ်ဆက်သွားဦးမှာပါ။

အခု S20A နဲ့ ပတ်သက်တဲ့သတင်းတွေကိုတော့ TENAA ကနေတစ်ဆင့်သိရှိရတာဖြစ်ပြီးတော့ Specification တွေအကုန်လုံးကလည်း ပေါက်ကြားလာပြီဖြစ်ပါတယ်။

ထူးဆန်းတာတစ်ခုက Sony S20A စမတ်ဖုန်းဟာ Display အနေနဲ့ 5.45″ ရှိတဲ့ 480×960 Pixel Resolution Display ကိုပဲ အသုံးပြုထားမှာဖြစ်ပေမယ့် 12mm အထူရှိသလို 215g အထိအလေးချိန်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Screen Size သေးနေပေမယ့် အလေးချိန်က Galaxy S20 Ultra လိုမျိုး 6.9″ Display ပါဝင်တဲ့ဖုန်းတစ်လုံးလောက်ကို လေးနေမှာပါ။ ဒါကလည်း ဘေးဘက်မှာ ကြီးမားတဲ့ဘေးဘောင်တွေပါဝင်လာဖို့များနေပါတယ်။

Processor ပိုင်းအနေနဲ့လည်း Quad Core 1.3GHz Processor ကိုပဲ အသုံးပြုထားတယ်လို့ ဖော်ပြထားပြီး RAM အနေနဲ့တော့ 3GB ၊ 4GB နဲ့ 6GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ RAM ရွေးချယ်မှုပေါ်မှုတည်ပြီး Storage ကလည်း 32GB ၊ 64GB နဲ့ 128GB ဆိုပြီး ပါဝင်သွားမယ်လို့ သိရပါတယ်။ Storage ထပ်တိုးချင်တဲ့သူတွေအတွက်လည်း microSD Card ကနေ ထပ်ပြီးတိုးချဲ့နိုင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Back Camera က 5MP Single Camera ပဲပါဝင်မှာဖြစ်သလို Front Camera ကလည်း 2MP Sensor ပဲပါဝင်မှာဖြစ်ပါတယ်။ Android Version အနေနဲ့လည်း ထူးထူးဆန်းဆန်း Android Version 6.0 ကိုသုံးစွဲထားတာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Sony S20A ဖုန်းဟာ ယခင် Sony Xperai Z1 Compact လိုဖုန်း Design ကိုပဲ အသစ်ပြန်လည်ထုတ်ထားတဲ့ Entry ဖုန်းပိုပြီးဖြစ်နိုင်ခြေများနေပါတယ်။

Ref – Gizmo China