Sony Group Corporation က စက်တင်ဘာလ ၃၀ ရက်နေ့မှာ အဆုံးသတ်တဲ့ ကွာတား ၃ ရဲ့ ငွေကြေးရှင်းတမ်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လ ကနေ စက်တင်ဘာလအတွင်း ၂၅ သန်းမြောက် Playstation 5 ဂိမ်းစက်ကို ရောင်းချနိုင်ခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ်။

Sony surpasses 25 million PS5 console sales, loses two million subscribers on PS Plus | Club386

Sony က ဇူလိုင်လကနေ စက်တင်ဘာလအတွင်း PS5 ဂိမ်းစက် အလုံးရေ ၃.၃ သန်းကို ရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ PS5 ရဲ့ ရောင်းအားဟာ ၂၀၂၁ ခုနှစ် PS5 ရောင်းအား ဖြစ်တဲ့ ၁၁.၅ သန်းထက် ၅၆ ရာခိုင်နှုန်း ပိုများမယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

Sony has sold over 25 million PlayStation 5s worldwide since launch

ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း PlayStation Plus Subscriber ဟာ ၄၅.၄ သန်း ရှိခဲ့ပြီး အရင်နှစ် ကွာတား ၂ ထက် ၁.၉ သန်း နည်းပါးသွားခဲ့ပါတယ်။ PlayStation Plus နဲ့ PlayStation Network (PSN) တို့ ပါဝင်တဲ့ Network Services လုပ်ငန်းကနေ ဂျပန်ယန်း ၁၁၇ ဘီလီယမ် (ဒေါ်လာ ၇၉၄ သန်း) ရရှိခဲ့ပြီး အရင်နှစ်က ဂျပန်ယန်း ၁၀၀ ဘီလီယမ် (ဒေါ်လာ ၆၇၉ သန်း) ထက် တိုးတက်လာပါတယ်။

ကုမ္ပဏီရဲ့ စုစုပေါင်း ဝင်ငွေဟာ ဂျပန်ယန်း ၇၂၇ ဘီလီယမ် ( ဒေါ်လာ ၄.၉၂ ဘီလီယမ်) အထိ တိုးတက်လာခဲ့ပြီး ဩဂုတ်လက PS5 ဂိမ်းစက် ဈေးနှုန်းတွေ တိုးမြှင့်ခဲ့တာကလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေ တိုးတက်လာပေမယ့် အမြတ်ငွေက အရင်နှစ်ထက် ၄၉ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ ဒါဟာ Bungie ဂိမ်း စတူဒီယိုကို ဒေါ်လာ ၃.၆ ဘီလီယမ်နဲ့ ငွေကုန်ကြေးကျများစွာ ဝယ်ယူခဲ့တာနဲ့ ဂိမ်း တိုးတက်ဖွံ့ဖြိုးရေး ကုန်ကျစားရိတ်တွေ တိုးမြှင့်ခဲ့လို့ ဖြစ်ပါတယ်။

Ref : gsmarena