Unicode

Sony ကနေ ယခုနှစ် CES 2020 Event မှာ အထူးခြားဆုံး Surprise Announcement တစ်ခုကို ပြသခဲ့ပါတယ်။ ဒါကတော့ Sony ကနေ ထုတ်လုပ်နေကြ Product တွေကနေ လုံးဝကွဲထွက်နေတဲ့ Vision-S နာမည်နဲ့ Electric Car ပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု Electric Concept Sedan ကို ထုတ်ပြလိုက်တာက Sony အနေနဲ့ ရောင်းချဖို့ထက် ကုမ္ပဏီရဲ့ Entertainment Product တွေ၊ Camera Sensor တွေအပြင် Product အများအပြားကို ထုတ်လုပ်နိုင်တယ်ဆိုတာကို ပြသတဲ့ Concept တစ်ခုသာဖြစ်တယ်လို့ သိရပါတယ်။

Sony ဟာ အဆိုပါ Vision-S Electric Car မှာ Sensor ပေါင်း ၃၃ မျိုးကို ထည့်သွင်းထားပြီး Multiple Widescreen Display ၊ 360 Audio ၊ Always-on Connectivity ၊ BlackBerry နဲ့ Bosch လို ကုမ္ပဏီတွေရဲ့ နည်းပညာတွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Sony ရဲ့ ပြောကြားချက်အရ အခု Vision-S Electric Car ဟာ Newly-designed EV Platform ကို အခြေခံထားတာဖြစ်ပြီးတော့ တခြားသော SUV လိုမျိုး Vehicle ပုံစံတွေအတွက်လည်း ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

Design အရတော့ အခု Vision-S Electric Car ဟာ Porsche Taycan နဲ့ Tesla Model 3 တို့နဲ့ ဆင်တူပြီးတော့ အဆိုပါ CES 2020 Event မှာ PlayStation 5 ရဲ့ Logo ကိုလည်း ဖော်ပြခဲ့တဲ့အတွက် အနည်းဆုံး GranTurismo Game မှာတော့ ဆော့ကစားနိုင်ဖွယ်ရှိနေပါတယ်။

Ref – The Verge

Zawgyi





Ref – The Verge