Sony က ဩဂုတ်လ ၆ ရက်နေ့မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ Sony က ဝီဘိုအကောင့်ကနေ Teaser ကို မျှဝေလိုက်တာ ဖြစ်ပြီး စွမ်းရည်မြင့် Xperia 1 II ကို ချပြနိုင်ပါတယ်။ ဒါမှမဟုတ် WH-1000XM4 Wireless Noise Canceling Headphones ကို ကြေညာနိုင်ပါတယ်။

Sony ဟာ ဖေဖော်ဝါရီလမှာ စွမ်းရည်မြင့် Xperia 1 II ကို ကြေညာခဲ့ပြီးပြီ ဖြစ်ပြီး အခုမှ တရုတ်မှာ ချပြမှာပါ။ အဲဒီဖုန်းမှာ ၆.၅ လက်မ OLED HDR 3840x1644p မျက်နှာပြင် ထည့်သွင်းထားပြီး 643ppi ရှိပါတယ်။ 90Hz Refresh Rate နဲ့ 21:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ Snapdragon 865 SoC , 8GB RAM နဲ့ 256GB Storage ပါလာပြီး Fast Wired Charging နဲ့ Wireless Charging ထည့်ထားပါတယ်။

နောက်ထပ် ကြေညာနိုင်တာက WH-1000XM4 Series Wireless Headphones ဖြစ်ပြီး 40mm Audio Driver ထောက်ပံ့ထားပါတယ်။ ၁ ခါ အားအပြည့်သွင်းထားရင် နာရီ ၃၀ လောက် အသုံးခံပြီး Bluetooth Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ ခလုတ် ၁ ချက်နှိပ်လိုက်ရုံနဲ့ ချိတ်ဆက်နိုင်တာက တော်တော် မိုက်ပါတယ်။

Sony က ကြေညာမယ့် ထုတ်ကုန်ကို မပြောသေးတဲ့အတွက် လက်ရှိမှာ သေသေချာချာ မပြောနိုင်သေးပါဘူး။ လာမယ့် ၆ ရက်နေ့မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gizmochina