Sony က ဂျပန်မှာ စွမ်းရည်မြင့် Xperia 1 II ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ မော်ဒယ်ကို ဂျပန် အပါအဝင် နိုင်ငံများစွာမှာ ရောင်းချပေးထးပြီး 8GB RAM ပဲ ပါပါတယ်။ အခု မော်ဒယ်အသစ်မှာ 12GB RAM တောင် ပါလာပြီး Frosted Black (Matte Black) အရောင် အသစ် ထုတ်လုပ်ပေးထားပါတယ်။

Sony က မော်ဒယ်အသစ်ကို နာမည်ကြီး မိုဘိုင်း အော်ပရေတာ ၂ ခု ဖြစ်တဲ့ NTT Docomo နဲ့ Au KDDI တို့ကနေ ရောင်းပေးမှာပါ။ မော်ဒယ်အသစ်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ၁၁၇၀ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၁၅ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

လက်ရှိမှာ 8GB RAM နဲ့ 256GB Storage ပါတဲ့ Xperia 1 II အတွက် တောက်ပြောင်တဲ့ အနက်ရောင်ကို ၁၁၉၉ ဒေါ်လာနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၁၆ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။

Sony Xperia 1 II specifications

  • 6.5-inch (1644x3840pixels) 4K OLED HDR Display with 21:9 aspect ratio, 100% DCI-P3 color gamut, X1 for mobile, Motion Blur Reduction, Corning Gorilla Glass 6 protection
  • Octa-Core Qualcomm Snapdragon 865 7nm Mobile Platform with Adreno 650 GPU
  • 8GB RAM, 256GB internal memory, expandable memory up to 1TB via microSD card
  • Android 10
  • Hybrid Dual SIM (nano + nano / microSD)
  • 12MP rear camera with Exmor RS sensor, 1/1.7″ sensor, f/1.7 aperture, Hybrid OIS/EIS. In addition to 12MP f/2.2 aperture 1/2.55″ 135° ultra wide-angle. 12MP f/2.4 aperture 1/3.4″ 34° telephoto lens, Hybrid OIS/EIS, 3x optical zoom, 960 fps Super slow motion, 3D iToF sensor
  • 8MP front-facing camera with 1/ 4″ Exmor RS sensor, f/2.0 aperture, 1.12μm pixel size, 84° wide-angle lens
  • 3.5mm audio jack, Stereo speaker, Dolby Atmos, DSEE Ultimate, Stereo Recording, Qualcomm aptX HD audio
  • Side-mounted Fingerprint sensor
  • Dimensions: 166 × 72 × 7.9mm; Weight: 181g
  • Water Resistant (IP65/IP68)
  • 5G (sub-6GHz) / 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz) 2 x 2 MIMO, Bluetooth 5.1, GPS/ GLONASS, NFC, USB 3.1 Type-C
  • 4000mAh Battery with 21W USB-PD fast charging, Qi Wireless charging

Ref : gizchina