Unicode

Sony ဟာ ပုံမှန်အားဖြင့် စမတ်ဖုန်းအသစ်တွေကို နှစ်စဥ် ဖေဖော်ဝါရီလမှာ ပြုလုပ်နေကြဖြစ်တဲ့ Mobile World Congress (MWC) Event မှာ ပြသလေ့ရှိပါတယ်။ ယခုနှစ်မှာလည်း Sony ကနေ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xperia 2 ကို MWC 2020 မှာ မိတ်ဆက်သွားဦးမယ့်ပုံစံပါပဲ။

ဒီ Sony ကနေ မိတ်ဆက်သွားမယ့် Xperia 2 Flagship စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းတွေကို MyDrivers Website ကနေ ဖော်ပြခဲ့ပြီး အထင်ကြီးစရာ Specs တွေပါဝင်လာဖွယ်ရှိနေပါတယ်။ အရင်ဆုံးအနေနဲ့ ဒီ Xperia 2 စမတ်ဖုန်းမှာ 6.6″ 21:9 Aspect Ratio ရှိတဲ့ 4K OLED Display ပါဝင်လာမှာပါ။ အဲ့ဒီအတွက် ကျန်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေက High Refresh Rate Display တွေကို ဦးစားပေးပေမယ့် Sony ကတော့ 4K Resolution ကိုအဓိကထားလာတဲ့ပုံစံပါပဲ။

နောက်ထပ်သတင်းတစ်ခုကတော့ Xperia 2 စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပြီး 5G ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။ Camera အနေနဲ့ကတော့ Quad Camera Setup ပါဝင်မှာဖြစ်ပြီး 48MP သို့မဟုတ် 64MP Primary Sensor ကို 12MP Sensor ၂ ခုအပြင် ToF Sensor တစ်ခုပါ ထည့်သွင်းလာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Xperia 2 စမတ်ဖုန်းဟာ 8K Video Recording ၊ Fast Charging နဲ့ IP68 Water Resistant Feature တွေပါဝင်လာမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၆,၀၀၀ (မြန်မာငွေ ၁၂ သိန်းခွဲဝန်းကျင်) အထက်ကျသင့်မယ်လို့ သိရပါတယ်။

Ref – Notebook Check

Zawgyi

Sony ဟာ ပုံမွန္အားျဖင့္ စမတ္ဖုန္းအသစ္ေတြကို ႏွစ္စဥ္ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္ေနၾကျဖစ္တဲ့ Mobile World Congress (MWC) Event မွာ ျပသေလ့ရွိပါတယ္။ ယခုႏွစ္မွာလည္း Sony ကေန Flagship စမတ္ဖုန္းတစ္လုံးျဖစ္တဲ့ Xperia 2 ကို MWC 2020 မွာ မိတ္ဆက္သြားဦးမယ့္ပုံစံပါပဲ။

ဒီ Sony ကေန မိတ္ဆက္သြားမယ့္ Xperia 2 Flagship စမတ္ဖုန္းနဲ႔ ပတ္သတ္တဲ့သတင္းေတြကို MyDrivers Website ကေန ေဖာ္ျပခဲ့ၿပီး အထင္ႀကီးစရာ Specs ေတြပါဝင္လာဖြယ္ရွိေနပါတယ္။ အရင္ဆုံးအေနနဲ႔ ဒီ Xperia 2 စမတ္ဖုန္းမွာ 6.6″ 21:9 Aspect Ratio ရွိတဲ့ 4K OLED Display ပါဝင္လာမွာပါ။ အဲ့ဒီအတြက္ က်န္တဲ့ စမတ္ဖုန္းထုတ္လုပ္သူေတြက High Refresh Rate Display ေတြကို ဦးစားေပးေပမယ့္ Sony ကေတာ့ 4K Resolution ကိုအဓိကထားလာတဲ့ပုံစံပါပဲ။

ေနာက္ထပ္သတင္းတစ္ခုကေတာ့ Xperia 2 စမတ္ဖုန္းဟာ Qualcomm Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ၿပီး 5G ကိုလည္း Support ျပဳလုပ္မယ္လို႔ သိရပါတယ္။ Camera အေနနဲ႔ကေတာ့ Quad Camera Setup ပါဝင္မွာျဖစ္ၿပီး 48MP သို႔မဟုတ္ 64MP Primary Sensor ကို 12MP Sensor ၂ ခုအျပင္ ToF Sensor တစ္ခုပါ ထည့္သြင္းလာမွာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Xperia 2 စမတ္ဖုန္းဟာ 8K Video Recording ၊ Fast Charging နဲ႔ IP68 Water Resistant Feature ေတြပါဝင္လာမွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ တ႐ုတ္ယြမ္ေငြ ၆,၀၀၀ (ျမန္မာေငြ ၁၂ သိန္းခြဲဝန္းက်င္) အထက္က်သင့္မယ္လို႔ သိရပါတယ္။

Ref – Notebook Check