Android Tablet တွေဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအတော်များများ ထုတ်လုပ်ရောင်းချခြင်းမရှိတော့ပဲဈေးကွက်မှာလည်း ပျေက်ကွယ်သလောက်ကို ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Sony ကနေ Android Tablet ဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ကြံစည်နေပုံပါပဲ။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Sony Xperia XZ2 စမတ်ဖုန်းရဲ့ Camera Application မှာ ပါဝင်တဲ့ Codeline တွေအရ Sony ဟာ 8″ Display နဲ့ 10″ Display အသုံးပြုထားတဲ့ Android Tablet တွေကိုပါ ထုတ်လုပ်ဦးမှာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ အဆိုပါ Codeline တွေကတော့ အောက်ပါအတိုင်းပါပဲ။

Sony ဟာ ယခင်တုန်းကလည်း သူရဲ့ Sony Xperia Z Series ဖုန်းတွေထုတ်လုပ်တုန်းထဲက Xperia Z1 Tablet ၊ Z2 Tablet နဲ့ ထုတ်ခဲ့တာဖြစ်ပြီးတော့ Sony Xperia Z4 Tablet က နောက်ဆုံးသော Sony Tablet ဖြစ်ခဲ့တာပါ။

အခုအချိန်မှာတော့ Sony ရဲ့ Tablet အသစ်တွေအပေါ်ကို သတင်းအတိအကျရရှိထားခြင်းမရှိသေးပေမယ့် Sony Xperia XZ Tablet လို့ ခေါ်ဆိုလာနိုင်ပြီးတော့ Snapdragon 845 Processor ၊ RAM 6GB နဲ့ Sony စမတ်ဖုန်းတွေရဲ့ 23MP Motion Eye Camera ပါဝင်လာနိုင်ပါတယ်။