Unicode
Sony ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Barcelona မှာပြုလုပ်သွားမယ့် Mobile World Congress (MWC) 2020 Event မှာ Flagship စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အဆိုပါ Xperia ဖုန်းကို Xperia 1.1 သို့မဟုတ် Xperia 5 Plus လို့ ခေါ်ဆိုသွားနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။
Sony ကတော့ အဆိုပါ Xperia ဖုန်းသစ်နဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောကြားမှုမရှိသေးပေမယ့် Render ဓါတ်ပုံတွေအပြင် အခုအချိန်မှာ Camera နဲ့ ပတ်သက်တဲ့သတင်းတွေလည်း ပေါက်ကြားလာခဲ့ပါတယ်။
ယခုသတင်းအရ Sony Xperia 1.1 စမတ်ဖုန်းမှာ Camera ၅ လုံးအထိ ပါဝင်လာမှာဖြစ်ပြီး 64MP Sensor အပြင် Periscope Camera ၊ 1/1.5″ Sensor Size ရှိတဲ့ 12MP Primary Sensor နဲ့ နောက်ထပ် 12MP Ultrawide Sensor ၊ 2MP ToF Sensor တွေပါဝင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး Camera Setup ဟာ ထူးခြားနေပြီးတေ့ာ ဖြစ်နိုင်တာက 12MP Primary Sensor အပြင် 64MP Camera ကလည်း Telephoto Zoom အနိမ့်နဲ့ ရိုက်ကူးတဲ့ ဓါတ်ပုံတွေအပြင် Video ပိုင်းကိုပါ ထောက်ပံ့ပေးသွားမယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ Periscope Zoom Sensor ကတော့ 5x Optical Zoom အတွက် အသုံးချလာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် Sony Xperia 1.1 စမတ်ဖုန်းဟာ Snapdragon 865 Processor ၊ 4K OLED 21:9 Display ၊ 5G Support နဲ့ Stereo Speaker တွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်မယ့် Flagship ဖုန်းတစ်လုံးဖြစ်လာမှာပါ။
Ref – GSM Arena
Zawgyi
Sony ကတော့ အဆိုပါ Xperia ဖုန်းသစ်နဲ့ ပတ်သတ်ပြီး တရားဝင်ထုတ်ဖော်ပြောကြားမှုမရှိသေးပေမယ့် Render ဓါတ်ပုံတွေအပြင် အခုအချိန်မှာ Camera နဲ့ ပတ်သက်တဲ့သတင်းတွေပေါက်ကြားလာခဲ့ပါတယ်။
Ref – GSM Arena