Sony Xperia 1 II ကို အမေရိကန်မှာ B&H နဲ့ နယ်သာလန်မှာ Belsimpel ကနေ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ စတိုး ၂ ခုစလုံးမှာ ရောင်းချမယ့် အချိန်ကို မကြေညာထားသေးပေမယ့် ဥရောပ နိုင်ငံတွေမှာ ပုံမှန်အားဖြင့် ကြိုတင်မှာယူခွင့်ပြုပြီးနောက် ၄ ပတ် အကြာလောက်မှာ ပို့ဆောင်ပေးပါတယ်။ အဲဒီအတွက် ဇွန်လမှာ ဝယ်ယူနိုင်မှာပါ။

ဂျပန်မှာတော့ Xperia 1 II ကို KDDI ကနေ ပြီးခဲ့တဲ့ ၂ ရက်လောက်က ကြိုတင်မှာယူခွင့်ပေးခဲ့ပါတယ်။ Sony ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအတွက် 8/256GB မော်ဒယ်ကို နယ်သာလန်မှာ ယူရို ၁,၁၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၈ သိန်းခွဲလောက် ကျသင့်ပါတယ်။ အဲဒီထဲမှာ ၂၈၀ ယူရို တန်တဲ့ Sony WH-1000XM3 Wireless Noise-cancelling Headphones ကို အခမဲ့ ထည့်ပေးထားပါတယ်။

မေလကုန်မှာ Xperia 1 II ကို ကမ္ဘာအဝန်းမှာ ရောင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ရောင်းချမယ့်အချိန်ကို အခုထက်ထိ မကြေညာသေးတဲ့အတွက် နောက်လကျမှပဲ ရောင်းမယ်လို့ ထင်ရပါတယ်။

Ref `: gsmarena