Sony ကနေ ယခုနှစ်အတွက် Flagship ဖုန်းအသစ်ဖြစ်တဲ့ Xperia 1 II ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Xperia 1 II ဆိုတဲ့နာမည်ဟာ ခေါ်ရတာအနည်းငယ်အခက်တွေ့နိုင်ပေမယ့် Sony Camera တွေလိုမျိုး Xperia 1 Mark II ဆိုပြီး အသံထွက်မှာဖြစ်ပါတယ်။

Design ပိုင်းအရတော့ တခြား Flagship ဖုန်းတွေနဲ့ ကွဲထွက်နေပြီး ယခင် Xperia ဖုန်းတွေလိုမျိုး လေးထောင့်ဆန်ဆန် OmniBalance Design ကိုပဲ သုံးစွဲထားတာပါ။ Punch-hole Display တွေအစား Display ရဲ့ အပေါ်နဲ့အောက်ဘက်မှာလည်း တူညီတဲ့ဘောင်တွေကိုထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း Front Facing Stereo Speaker Setup လည်းပါဝင်မှာပါ။

Display အနေနဲ့ကတော့ 6.5″ ရှိတဲ့ 21.5:9 Ratio ရှိတဲ့ 4K OLED Display ကို အသုံးပြုပေးထားပါတယ်။ Display Panel အနေနဲ့ သာမန် 60Hz ကိုပဲ Support ပြုလုပ်တယ်ဆိုပေမယ့် Sony ကနေ Motion Blur Reduction နည်းပညာအသစ်ကိုထည့်သွင်းပေးထားတဲ့အတွက် 90Hz Refresh Rate Display တစ်ခုလိုမျိုး အသုံးပြုနိုင်မှာဖြစ်တယ်ဆိုပြီး ပြောကြားထားခဲ့ပါတယ်။


Camera အနေနဲ့ကတော့ Xperia 1 လိုမျိုးပဲ 12MP Triple Camera Setup ကိုပဲ အသုံးပြုထားပြီး 16mm Ultrawide ၊ 24mm Wide နဲ့ 70mm (3x Optical) Telephoto Lens တွေပါဝင်မှာဖြစ်ပါတယ်။ Lens တွေအနေနဲ့ နာမည်ကြီး Zeiss T* Coating ကို အသုံးပြုပေးထားသလို ToF Sensor တစ်ခုလည်းပါဝင်ဦးမှာပါ။ ဒါတင်မဟုတ်ဘဲ 20fps Burst Shot အပြင် Human နဲ့ Animal တွေအတွက် Real-time Eye AF ကိုလည်း Support ပြုလုပ်မှာပါ။ ဒါ့အပြင် Camera Interface ကအစ Sony Alpha Camera တွေနဲ့တူညီမှာဖြစ်သလို Xperia 1 II ဖုန်းကို Sony Alpha Camera တွေနဲ့ ချိတ်ဆက်ပြီး Remote Viewfinder ၊ Shutter Mode အနေနဲ့လည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Video ပိုင်းအနေနဲ့ 8K Video ရိုက်ကူးနိုင်ခြင်းမရှိပေမယ့် 4K Video တွေကို 24 ၊ 25 ၊ 30 နဲ့ 60fps တွေနဲ့ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Sony က Qualcomm Snapdragon 865 Processor ကို အသုံးပြုထားပြီး Sub-6GHz 5G Network ကို Support ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်သလို 256GB Storage လည်း ပါဝင်ဦးမှာပါ။

တခြားသော Feature တွေအနေနဲ့ကတော့ Headphone Jack ၊ Side-mounted Fingerprint Sensor နဲ့ Hardware-decoded 360-degree Audio တွေကို Support ပေးမှာပဲဖြစ်ပါတယ်။ Battery အနေနဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး Wireless Charging ကို Support ပြုလုပ်မှာပါ။

Sony Xperia 1 II ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုလည်း အတိအကျပြောကြားသွားခြင်းမရှိဘဲ ဖြစ်နိုင်တာကတော့ လာမယ့် မတ်လကုန်နောက်ပိုင်းမှပဲ အသေးစိတ်သိလာရဖို့များနေပါတယ်။

Ref – Phone Arena