Sony က စွမ်းရည်မြင့် Xperia 1 VI ကို ကြေညာလိုက်ပါတယ်။ Sony ရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းကို အသုံးပြုထားပြီး ဘေးဘက်နဲ့ အနောက်ဘက်ကပြားချပ်ပါတယ်။ Sony က 4K OLED ကို မသုံးတော့ဘဲ 6.5” FHD+ OLED Display ကို သုံးထားပါတယ်။ 1-120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါလာပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

Sony Xperia 1 VI is here - SD 8 Gen 3, better zoom, but ditches the 4K screen

Snapdragon 8 Gen 3 Processor မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 1.5TB microSD Card စိုက်နိုင်ပါတယ်။ အပူချိန်လျှော့ချပေးတဲ့ Vapor Chamber Cooling System ထည့်ထားပါတယ်။

Sony Xperia 1 VI

30W USB PD Fast Charging နဲ့ Qi Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု OS မောင်းနှင်ထားပါတယ်။

Sony Xperia 1 VI

ကင်မရာတွေကို အသားပေးထားတဲ့ ဖုန်း ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main (OIS, EIS) , 12MP Ultrawide နဲ့ Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 12MP ကင်မရာ ပါပါတယ်။ ကင်မရာက 4K 120Fps Video ရိုက်ကူးနိုင်ပါတယ်။

Xperia 1 VI ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၁,၃၉၉ ယူရို သတ်မှတ်ထားပြီး ဇွန်လ အစောပိုင်းမှာ ရောင်းမှာပါ။ Black, Platinum Silver နဲ့ Khaki Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena