Sony က Xperia 10 II ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး အခုတော့ ထိုင်ဝမ်မှာ ရောင်းပေးလိုက်ပါပြီ။ အနက်နဲ့ အဖြူရောင်တွေကို မိတ်ဆက်ချိန်က ကြေညာခဲ့ပြီး ထိုင်ဝမ်မှာ Mint Green နဲ့ Berry Blue အရောင်တွေကို မိတ်ဆက်လိုက်ပါတယ်။ ထိုင်ဝမ် ဒေါ်လာ ၁၁,၄၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၃ သောင်းလောက်ရှိပါတယ်။

Xperia 10 II မှာ ၆ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 21:9 Ratio သုံးထားပါတယ်။ အဲဒီအတွက် ရုပ်ရှင်ကြည့်တာ၊ လူမှုကွန်ရက် ကြည့်တာတွေအတွက် ကောင်းမွန်ပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး အနောက်ဘက်မှာ 12MP Main , 8MP Telephoto (2x Optical Zoom) နဲ့ 8MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ရေစိုခံနိုင်ပြီး Sony ရဲ့ ထိုင်ဝမ်ဌာနက ရေကူးကန်ထဲမှာ သုံးပြခဲ့ပါတယ်။ “ ပူပြင်းတဲ့ နွေရာသီမှာ ဒီဖုန်း သုံးရတာ Fans တွေ ကြိုက်ကြမှာပါ။ “ လို့လည်း ကြော်ငြာထားပါတယ်။

အဲဒီဖုန်းကို ဗြိတိန်မှာ ၃၂၀ စတာလင်ပေါင်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၅ သိန်း ၅ သောင်းလောက်ရှိပါတယ်။ Clove မှာ အနက်နဲ့ အဖြူရောင်တွေ စာရင်းတင်ထားပြီး တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။

Ref : gsmarena