Sony က ဒီလ ၁၇ ရက်နေ့မှာ Xperia 5 II ကို ချပြတော့မှာပါ။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ Specs နဲ့ လုပ်ဆောင်ချက်တွေ မိတ်ဆက်ပွဲ မတိုင်ခင် ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း အဲဒီ ဖုန်းရဲ့ ပရိုမို ဗီဒီယို ၁ ခု ထွက်လာပါတယ်။

ဗီဒီယိုမှာ အဲဒီဟန်းဆက်ရဲ့ Multimedia နဲ့ Gaming စွမ်းရည်တွေကို အသားပေး ဖော်ပြထားပါတယ်။ ရုပ်ရှင်နဲ့ သီချင်းတွေ ကြည့်ရှု နားဆင်ရင် အရမ်းကို လန်းမှာပါ။ ဘယ်လို အလုပ်မျိုးကို မဆို နိုင်နိုင်နင်းနင်းလုပ်နိုင်တာ မြင်ရပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Response Rate တွေကြောင့် မျက်နှာပြင် တုန့်ပြန်မှုက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စတီရီယို စပီကာ ၂ လုံးပါလာမှာ ဖြစ်ပြီး Game ကစားရင် စွမ်းရည်မြှင့်ပေးတဲ့ ဆော့ဖ်ဝဲတွေကြောင့် Gamer တွေ ကြိုက်မှာ သေချာပါတယ်။ နားကြပ်ပေါက်ကိုလည်း မဖယ်ရှားထားပါဘူး။ Processor အပိုင်းအတွက် Snapdragon 865 ကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။

ဓါတ်ပုံနဲ့ ဗီဒီယို စွမ်းရည်တွေကိုလည်း ဗီဒီယိုမှာ ဖော်ပြထားပါတယ်။ Xperia 5 II ဟာ 4K 120fps အနှေး ဗီဒီယိုတွေ ရိုက်ကူးနိုင်သလို ၁ စက္ကန့်လျှင် ဖရိမ် ၂၀ အထိ AF နဲ့ Burst Shooting လုပ်နိုင်ပါတယ်။ အရောင်တိကျတဲ့ OLED မျက်နှာပြင်မှာ ဗီဒီယိုတွေ Edit လုပ်ရင် အရမ်းမိုက်မှာပါ။

Ref : gsmarena