Sony က Xperia 5 II အတွက် အညို၊ အနက်နဲ့ အပြာရောင်တွေကို ဥရောပမှာ ရောင်းချပေးထားပြီး အခုတော့ အရောင် အသစ် ၁ မျိုးကို ရောင်းပေးလိုက်ပါတယ်။ အဲဒါကတော့ ပန်းရောင် ဖြစ်ပြီး ဂျာမနီ၊ အီတလီနဲ့ စပိန်တို့မှာ Sony ရဲ့ အွန်လိုင်း စတိုးကနေ ရောင်းပေးလိုက်ပါတယ်။ အဲဒီ မော်ဒယ်ကို ၈၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁၄ သိန်းခွဲလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Sony now sells the Xperia 5 II in Pink in Europe

အဲဒီနိုင်ငံတွေမှာ Sony Xperia 5 II ကို ဝယ်ယူရင် Sony ရဲ့ အမိုက်စား WF-1000XM3 Noise Cancellation Truly ကြိုးမဲ့ နားကြပ်ကို လက်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီ နားကြပ်ကို ၁၇၀ ယူရိုနဲ့ Sony က ရောင်းချပေးနေတာ ဖြစ်ပြီး မြန်မာငွေ ၂ သိန်း ၇ သောင်းလောက် ကျသင့်ပါတယ်။

The Sony Xperia 5 II rumored phone leaks online - CNET

အရင်တုန်းကတော့ Sony Xperia 5 II ကို အာရှ နိုင်ငံတွေမှာပဲ ရောင်းပေးထားတာ ဖြစ်ပြီး ဂျပန်မှာတော့ ခရမ်းရောင် မော်ဒယ်ကို ရောင်းပေးထားပါတယ်။  Sony Xperia 5 II အတွက် 8/128GB Version ၁ မျိုးပဲ ထုတ်လုပ်ပေးထားပါတယ်။

Sony ဟာ ၂၀၂၀ ခုနှစ် အစောပိုင်းတုန်းက စွမ်းရည်မြင့် Xperia 1 II ကို ကြေညာခဲ့ပြီး စက်တင်ဘာလမှာ နောက်မျိုးဆက် Xperia 5 II ကို ချပြခဲ့ပါတယ်။

Ref : gsmarena