Sony ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xperia 1 IV ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Sony ရဲ့ Compact Flagship Series ဖြစ်တဲ့ Xperia 5 IV ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Xperia 5 IV ဟာ Xperia 5 III နဲ့ ဆင်တူပြီးတော့ Display အနေနဲ့လည်း တူညီတဲ့ 6.1″ Full HD+ OLED Display ကို အသုံးပြုထားပါတယ်။ Screen Refresh Rate ပိုင်းမှာ 120Hz အထိ ထောက်ပံ့ပေးထားပြီး Brightness ပိုင်းမှာ ယခင်ထက် ၅၀ ရာခိုင်နှုန်း ပိုကောင်းမွန်မှာဖြစ်ပါတယ်။

အခုလိုမျိုး ယခင် Xperia 5 III နဲ့ဆင်တူတဲ့ Design ကို အသုံးပြုထားပေမယ့် Battery ပိုင်းမှာ Xperia 5 IV ဖုန်းဟာ 5000mAh Battery ကို အဆင့်မြှင့်တင်ပေးထားပါတယ်။ Charging ပိုင်းအနေနဲ့ကတော့ 30W Fast Charging ကို ထောက်ပံ့ပေးထားပြီး နာရီဝက်အတွင်း 0-50% အထိ အားသွင်းပေးနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Xperia 5 IV ဟာ Sony Xperia 5 Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Wireless Charging ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 12MP Triple Camera Setup ကို အသုံးပြုထားပြီး 16mm Ultrawide ၊ 24mm Wide နဲ့ 60mm Telephoto Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Sony ရဲ့ ကိုယ်ပိုင် Feature တွေဖြစ်တဲ့ Real-time Eye AF နဲ့ Real-time Tracking Feature တွေကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 12MP Sensor ကိုပဲ အသုံးပြုပေးထားပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 8 Gen1 Processor ၊ RAM 8GB နဲ့ 128GB သို့မဟုတ် 256GB Storage ဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။ Storage တိုးချဲ့ဖို့အတွက် MicroSD Card Slot နဲ့ 3.5mm Headphone Jack တွေလည်းပါဝင်မှာပါ။

တခြားသော Feature တွေအနေနဲ့ကတော့ Full-Stage Stereo Speaker ၊ Donlby Atmos ၊ 360 Reality Audio ၊ IP68 Dust & Water Resistant Feature တွေပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $999 ကနေ စတင်ရောင်းချမှာဖြစ်ပြီး Green ၊ Black နဲ့ Ecru White ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena