Sony ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလတုန်းက Xperia 5 III စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Qualcomm Snapdragon 888 Processor ကို အသုံးပြုထားပြီး Camera ပိုင်းမှာ တော်တော်လေးကို ချီးကျူးမှုတွေခံခဲ့ရတဲ့ Triple Camera Setup ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

အခုလည်း Sony ကနေ အဆိုပါ Xperia 5 III ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ Xperia 5 IV ကို စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Weibo ကနေတစ်ဆင့် Tipster တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Sony Xperia 5 IV စမတ်ဖုန်းဟာ 6.1″ Display ကို အသုံးပြုထားမှာဖြစ်ပြီး Gorilla Glass Victus Protection လည်း ပါဝင်မယ်လို့ သိရပါတယ်။ အဓိကအဆင့်မြင့်တင်မှုအနေနဲ့ကတော့ Processor ကို Qualcomm Snapdragon 8 Gen 1 Plus Chipset အသုံးပြုထားမှာပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ Xiaomi 12 Ultra ဖုန်းက အဆိုပါ Snapdragon 8 Gen 1 Plus Chipset ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ရှိထားတာကြောင့် ယခု Xperia 5 IV ဟာ နောက်ထပ် 8 Gen 1 Plus ဖုန်းတစ်လုံးဖြစ်လာမှာပါ။

အဆိုပါ Qualcomm Snapdragon 8 Gen 1 Plus Chipset ဟာ လက်ရှိ Snapdragon 8 Gen 1 လိုမျိုး Samsung ရဲ့ 4nm Node ကို အခြေခံထားမှာမဟုတ်တော့ဘဲ TSMC ရဲ့ 4nm Node ကို ပြောင်းလဲအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် Thermal ပိုင်းမှာ သိသိသာသာကိုပိုကောင်းလာဖွယ်ရှိနေပါတယ်။

Battery ပိုင်းမှာလည်း Sony Xperia 5 IV စမတ်ဖုန်းဟာ 4500mAh ကနေ 4700mAh ကို အဆင့်မြှင့်တင်ထားမယ်လို့ သိရပြီး Camera ပိုင်းမှာတော့ 12MP Triple Camera Setup ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။

Weibo က Tipster ရဲ့ ပြောကြားချက်အရတော့ Sony Xperia 5 IV စမတ်ဖုန်းဟာ 5,000 Yuan နဲ့ ရောင်းချသွားမှာဖြစ်ပြီး ယခင် Xperia 5 III ရဲ့ စျေးနှုန်းဖြစ်တဲ့ 6,599 Yuan ထက်တောင် လျော့နည်းမှာဖြစ်ပါတယ်။ ဒါပေမယ့် စျေးနှုန်းအသေးစိတ်ကိုတော့ Sony ကနေ တရားဝင်မိတ်ဆက်တော့မှပဲ သိရှိရမှာပါ။

Ref – Gizmo China