Sony က အရွယ်အစား ကျစ်လစ်တဲ့ စွမ်းရည်မြင့် Xperia 5 V ကို ကြေညာလိုက်ပြီး အရွယ်ကြီး ပင်မ ကင်မရာဆန်ဆာ တပ်ဆင်ထားပါတယ်။ 6.1” FHD+ 120Hz OLED မျက်နှာပြင် ပါလာပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်ထားပြီး microSD Card Slot ပါပါတယ်။ စပီကာတွေကို အရှေ့ဘက်လှည့်ထားပြီး နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

Sony Xperia 5 V is official with larger main camera sensor - GSMArena.com news

အနောက်ဘက်မှာ 1/1.35-Inch 52MP ပင်မကင်မရာ တပ်ဆင်ထားပြီး 24mm 12MP ရုပ်ပုံတွေကို ထုတ်လုပ်ပေးပါတယ်။ ဆန်ဆာ အရွယ်အစား ကြီးလာတဲ့အတွက် 2x Zoom Option ကို ရွေးချယ်ရင်  ပုံထွက် ပိုမိုတောက်ပပါတယ်။ ပင်မ ကင်မရာကို  12MP 1/2.5-Inch Ultrawide နဲ့ အားဖြည့်ထားပါတယ်။ အရှေ့ဘက်မှာ 12MP ကင်မရာ တပ်ဆင်ထားပါတယ်။ 6.1” မျက်နှာပြင်က အရွယ်အစား ကျစ်လစ်ပြီး Sony Xperia 5 V ဟာ အရွယ်အစား သေးငယ်တဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ကြိုက်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။

Sony Xperia 5 V is official with larger main camera sensor

5,000mAh Battery တပ်ဆင်ထားပြီး အဆင့်မြှင့်ထားတဲ့ Snapdragon 8 Gen 2 SoC ကြောင့် ဘက်ထရီ သက်တမ်း ကြာရှည်နိုင်ပါတယ်။ Sony က 30W Charger နဲ့ မိနစ် ၃၀ အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားပြည့်တယ်လို့ ပြောပါတယ်။ Sony က Charger ကို သီးခြား ရောင်းချမှာပါ။

Sony Xperia 5 V ကို စက်တင်ဘာလနှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး ၉၉၉ ယူရို  (သိန်း ၄၀ နီးပါး) သတ်မှတ်ထားပါတယ်။

Ref: gsmarena